ညောင်ဦးမြို့နယ်၊ ယမ်းစမ်းကျေးရွာအုပ်စု၊ယမ်းစမ်းကျေးရွာ၌ စတုတ္ထအကြိမ်မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ထုတ်ချေးခြင်း
ညောင်ဦး ဖေဖော်ဝါရီ ၁၃
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ယမ်းစမ်းကျေးရွာအုပ်စု၊ယမ်းစမ်းကျေးရွာ၍ စတုတ္ထအကြိမ် မြစိမ်းရောင်ရန်ပုံငွေထုတ်ချေးခြင်းကို ယနေ့နံနက်ပိုင်းအချိန်က အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။
ရှေးဦးစွာ ညောင်ဦးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးညီညီဦးက ကျေးလက်နေပြည်သူများ ဆင်းရဲလျော့ကျစေရန်နှင့် မိသားစုဝင်ငွေတိုးပွား လာမည့် တစ်နိုင်တစ်ပိုင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် အခြားအသက်မွေးဝမ်းကျောင်း လုပ်ငန်းများ ဆောင်ရွက် နိုင်စေရန်ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်မတည်ရန်ပုံငွေများ ထုတ်ချေးခြင်း ဖြစ်ကြောင်း မြစိမ်းရောင်ကော်မတီဝင်များအနေဖြင့် မိမိရပ်ရွာရှိ ဒေသခံပြည်သူများ စီမံကိန်းရန်ပုံငွေဖြင့် တစ်နိုင်တစ်ပိုင်မိသားစုဝင်ငွေတိုးလုပ်ငန်းများ လုပ်ကိုင်ရာ၌ ရန်ပုံငွေလေလွင့်ဆုံးရှုံးမှု မဖြစ်စေရေး ထိန်းသိမ်းကြတ်မတ်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ မြို့နယ်ဦးစီးမှူးနှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းများက မြစိမ်းရောင်ကျေးရွာစီမံကိန်း ကော်မတီများထံ ရန်ပုံငွေများ လွှဲပြောင်းပေးအပ်သည်။
ထို့နောက် မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေကြီးကြပ်ကော်မတီဝင်များက ယမ်းစမ်းကျေးရွာ ရှိ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၁၀၁ ဦး။မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၅၆ ဦး၊အရော,င်းအဝယ် လုပ်ငန်းလုပ်ကိုင်သူ ၇ ဦး စုစုပေါင်းအသင်သား/အသင်းသူ ၁၆၄ ဦး ကို ငွေကျပ် (၃၀၆)သိန်း ထုတ်ချေးခဲ့ကြောင်း သိရသည်။