မအူပင် ဖေဖော်ဝါရီ ၉
(၇၇)နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကွန်ကရစ်လမ်းဖွင့်ပွဲကို ဖေဖော်ဝါရီလ(၉)ရက်နေ့ နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ် ရွှေတောင်မှော်ကျေးရွာအုပ်စု ၊အင်းမကွက်သစ် ကျေးရွာတွင်ကျင်းပပြုလုပ်ခဲ့သည်။ဦးစွာ မအူပင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်နိုင်ဦးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ၎င်းနောက် ကွန်ကရစ်လမ်းအား မအူပင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်နိုင်ဦး ၊ မအူပင်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ရီရီမြင့်၊ မအူပင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ( ၁ ) ဗိုလ်မှူးသက်ဇော်ထွန်း၊မအူပင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇင်ဝိုင်းသက်ဦးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြပြီး ကွန်ကရစ်လမ်းသစ်ကို မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့်တက်ရောက် လာသော တာဝန်ရှိသူများက လှည့်လည်ကြည့်ရှူ့စစ်ဆေးကာ ရပ်မိရပ်ဖဦးမြင့်လွင်က ကျေးဇူးတင်စကား ပြောကြောင်းသိရသည်။အဆိုပါ ကျေးရွာတွင်း ကွန်ကရစ်လမ်းကို ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း ( VDP )ဖြင့်နိုင်ငံတော် ထောက်ပံ့ငွေကျပ် (၁၅.၀၀)သန်း၊ ပြည်သူထည့်ဝင်ငွေကျပ် (၃.၀၀) သန်း စုစုပေါင်းငွေကျပ် (၁၈.၀ )သန်း ဖြင့်လမ်းအရှည်(၈၅၀)ပေ၊ အကျယ် (၁၀)ပေ၊ထု(၆)လက်မ နှင့် Mobile Solar ရေသန့်စင်စနစ်တို့အားအကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းအားဖြင့် ကျေးရွာရှိ အိမ်ခြေ (၁၃၁) ၊ အိမ်ထောင်စု (၁၃၃) ၊ လူဦးရေ (၆၄၂) တို့၏ အလုပ်အကိုင်အခွင့်အလမ်းများ ၊ပညာရေး၊ ကျန်းမာရေးအစရှိသည့် လူမှု့စီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာမည့်အပြင် လမ်းပန်းဆက်သွယ်ရေး ပိုမိလွယ်ကူ အဆင်ပြေ ချောမွေ့လာမည်ဖြစ်ကြောင်း မအူပင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။