Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

မြန်အောင်မြို့နယ်တွင်မြစိမ်းရောင်ကျေးရွာစီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေထုတ်ချေးခြင်းအား Mobile Financial Paymentစနစ်ဖြင့်ဆောင်ရွက်ပြီးစီး

09 February 24

မြန်အောင်မြို့နယ်အတွင်းအကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိသည့်မြစိမ်းရောင်စီမံကိန်းကျေးရွာများအနက် တာဂွတဲကြီးကုန်းကျေးရွာအုပ်စု၊ချင်ခါးကုန်းမြစိမ်းရောင်စီမံကိန်းကျေးရွာ၏တတိယနှစ်စက်ဝန်းအတွက်စီမံကိန်း ချေးငွေထုတ်ချေးခြင်းအား Mobile Financial Payment စနစ်ဖြင့် Citizen pay မှထုတ်ချေးပေးမှုအား မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊မြို့နယ်ဦးစီးမှူး၊စီမံကိန်းတာဝန်ခံနှင့်ကျေးရွာတာဝန်ခံဝန်ထမ်းတို့မှကွင်း ဆင်းကြီးကြပ်ဆောင်ရွက်ခဲ့ကြပါသည်။အဆိုပါချင်ခါးကုန်းမြစိမ်းရောင်စီမံကိန်းကျေးရွာအနေဖြင့် တတိယနှစ်စက်ဝန်းအတွက် အသင်းသူ၊အသင်းသား(၈၄)ဦးအားငွေကျပ်(၃၄.၄)သန်းထုတ်ချေးခဲ့ခြင်းဖြစ်ပါသည်။