(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ ကန်ပြောင်စံပြကျေးရွာတွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တိုင်းဒေသကြီး အစိုးရ ရန်ပုံငွေဖြင့် ဆောင်ရွက်သော ကန်ပြောင်စံပြကျေးရွာ အနောက်ပိုင်း ရွာတွင်းလမ်းမအုတ်ရေမြောင်းနှင့်ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအား သန်လျင်ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး၊ ဒေါ်စိုးစိုးမြင့်နှင့် ကျောက်တန်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ မြို့နယ်အုပ်ချုပ်ရေးမှူး ဘုန်းခန့်အောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူးအောင်သန်းထွန်းနှင့် ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများ ကျေးရွာနေပြည်သူ/သား များတက်ရောက်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရပါသည်။