Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျေးရွာကွန်ကရစ်လမ်းသစ်ဖွင့်လှစ်

08 February 24

(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျေးရွာကွန်ကရစ်လမ်းသစ်ဖွင့်လှစ်
==================================================================
ပွင့်ဖြူ ဖေဖော်ဝါရီ ၈
================
 
၇၇နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၊ ဘုရားကုန်းကျေးရွာတွင် ၂၀၂၃-၂၀၂၄ခု၊ ဘဏ္ဍာနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းVDPခွင့်ပြုရန်ပုံငွေ၊ ကျေးရွာပြည်သူထည့်ဝင်ငွေများဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့်ကျေးရွာတွင်းကွန်ကရစ်လမ်းသစ် ဖွင့်လှစ်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါကျေးရွာကွန်ကရစ်လမ်း၌ ကျင်းပပြုလုပ်ခဲ့သည်။
 
ရှေးဦးစွာ ပွင့်ဖြူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးအောင်မြတ်ခိုင် ကအဖွင့်အမှာစကားပြောကြားပြီး ပွင့်​ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင် ကကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်ခဲ့မှုအခြေအနေမျာအား ရှင်းလင်းတင်ပြခဲ့သည်။
 
ထို့နောက် မင်းဘူးခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဝင်းမြတ်သိန်း၊ ပွင့်ဖြူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးအောင်မြတ်ခိုင်၊အဖွဲ့ဝင်(၃) ဦးသိန်းစိုး၊ အတွင်းရေးမှူး ရဲမှူး ဝင်းဦး နှင့် ပွင့်​ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင် တို့ကဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့သည်။
 

အဆိုပါကျေးရွာတွင်း ကွန်ကရစ်လမ်းမှာ အရှည် ၈၄၀ ပေ အကျယ် ၁၂ ပေ ထု ၆ လက်မရှိပြီး ၂၀၂၃-၂၀၂၄ခု ဘဏ္ဍာနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းVDP ခွင့်ပြုရန်ပုံငွေကျပ်သိန်း ၁၅၀၊ ကျေးရွာပြည်သူထည့်ဝင်ငွေကျပ် ၄၉သိန်း ၊ စုစုပေါင်းရန်ပုံငွေကျပ်သိန်း ၁၉၀ဖြင့်၊ ကျေးရွာသူကျေးရွာသားများကိုယ်တိုင် ၂၀၂၃ခုနှစ် စက်တင်ဘာ ဒုတိယပတ်ကစတင်ဆောင်ရွက်ခဲ့ရာယခုအချိန်တွင် ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်၍ ကျေးရွာရှိအိမ်ခြေ ၁၀၅ မှ လူဦးရေ ၄၈၈ ဦးတို့၏ လမ်းပန်းဆက်သွယ်မှုလွယ်ကူစေရေး အကျိုးပြုလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင် ကပြောပြ၍သိရသည်။