(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကွန်ကရစ်လမ်းဖွင့်ပွဲကို ဖေဖော်ဝါရီလ(၇)ရက်နေ့၊ နံနက်ပိုင်းကရန်ကုန်တိုင်းဒေသကြီး၊ ကွမ်းခြံကုန်းမြို့နယ်၊ မန်းကလိပ်ကျေးရွာအုပ်စု၊ မယ်ဇလီဝကျေးရွာတွင်ကျင်းပပြုလုပ်သည်။
ဦးစွာ ကွမ်းခြံကုန်းမြို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်စုသီတာလင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်စိုးအောင်က ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်းသိရသည်၊
၎င်းနောက် ကွန်ကရစ်လမ်းသစ်အား တွံတေးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးနေဝင်း၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်နိုင်ဦး၊ ကွမ်းခြံကုန်းမြို့ နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်စုသီတာလင်း နှင့် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော် စိုးအောင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး ကွန်ကရစ်လမ်းသစ်ကို ဒုတိယဗိုလ်မှူးကြီး ရဲကျော်သူနှင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့်တက်ရောက်လာသော တာဝန်ရှိသူများက လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
အဆိုပါရွာအဝင် ကွန်ကရစ်လမ်းကို ၂၀၂၃-၂၀၂၄ခု ဘဏ္ဍာရေးနှစ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့်နိုင်ငံတော်ထောက်ပံ့ငွေကျပ်(၁၅)သန်း၊ ပြည်သူထည့်ဝင်ငွေကျပ် (၁.၇)သန်း၊ စုစုပေါင်းငွေကျပ် (၁၆.၇)သန်းဖြင့် လမ်းအရှည် (၅၆၀)ပေ၊အကျယ် (၁၂)ပေ၊ ဒု(၆)လက်မကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ကွန်ကရစ်လမ်းဆောင်ရွက်ပေးခြင်းဖြင့် ကျေးရွာရှိ အိမ်ခြေ (၂၁၀)၊ အိမ်ထောင်စု(၂၂၆)စု၊ လူဦးရေ(၈၃၀)ဦးတို့၏ လူမှု့စီးပွားဘဝများဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သလို အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်အတွက်လည်း အကောင်အထည်ဖော်ရာတွင်အ ထောက်အကူဖြစ်စေမည်ဖြစ်ကြောင်းလည်း
မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်၊