ဝါးခယ်မမြို့နယ်၊ထော်ကနွတ်ကျေးရွာအုပ်စု၊ထော်ကနွတ်+ဂုံမင်းချောင်း+ဂုံမင်းချောင်းကမ်းနားကျေးရွာတွင်မြစိမ်းရောင်ရန်ပုံငွေများအား ကျေးရွာကော်မတီမှ ကျေးရွာသူ/သားများ၏ လက်ဝယ်အရောက် ထုတ်ချေးခြင်းလုပ်ငန်းစဉ်အား( ၆.၂.၂၀၂၄ )ရက်နေ့တွင် ဆောင်ရွက်ခဲ့ရာဝါးခယ်မမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိဝန်ထမ်းများမှ ငွေထုတ်ချေးမှုအား ကြီးကြပ်ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါ ၊ထော်ကနွတ်+ဂုံမင်းချောင်း+ဂုံမင်းချောင်းကမ်းနားကျေးရွာတွင်မြစိမ်းရောင်ကျေးရွာစီမံကိန်းအား၂၀၁၆-၂၀၁၇ ခု၊ ဘဏ္ဍာရေးနှစ်မှ စတင်လည်ပတ်ဆောင်ရွက်ခြင်းဖြစ်ပြီး အသင်းသား( ၁၀၄)ဦးအား စီမံကိန်းဝင် လုပ်ငန်းများဆောင်ရွက်ရန်အတွက် ချေးငွေ(၄၅.၂)ကျပ်သန်းအားထုတ်ချေးခဲ့ပါသည်။