Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ရေကြည်မြို့နယ်တွင် ဆိုလာရေတင်စနစ်ဖြင့် စိုက်ပျိုးရေရရှိရေး ဆောင်ရွက်နေမှုအား စစ်ဆေး

03 February 24

 ဧရာ၀တီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ရေကြည်မြို့နယ် အကယ်ကြီးကြို့ကုန်းကျေးရွာနှင့် ဆီဆုံကုန်းကျေးရွာတို့တွင် ရေကြည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ခု ဘဏ္ဍာရေးနှစ်တွင် အကောင် အထည်ဖော်ဆောင်ရွက်သည့် ဆိုလာရေတင်စနစ်ဖြင့် စိုက်ပျိုးရေရရှိရေးလုပ်ငန်း ဆောင်ရွက်နေမှုများအား ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (ရုံးချုပ်)မှ ညွှန်ကြားရေးမှူး ဦးမျိုးမျိုးနှင့် တာ၀န်ရှိသူများက ဖေဖော်၀ါရီလ ၃ရက်နေ့  နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

        ထိုသို့ကွင်းစစ်ဆေးရာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (ရုံးချုပ်)မှ ညွှန်ကြားရေးမှူး ဦးမျိုးမျိုး၊ ကျုံပျော်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးတင်မောင်ဌေး၊ ရေကြည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သန်းသန်းဆွေနှင့်တာ၀န်ရှိသူများ၊ တင်ဒါအောင်မြင်သည့် ZLT ကုမ္ပဏီမှ တာ၀န်ရှိသူများနှင့်အတူ ဆိုလာရေတင်စနစ်ဖြင့် စိုက်ပျိုးရေရရှိရေးလုပ်ငန်း ဆောင်ရွက်ပြီးစီးအသုံးပြုနေမှုများအားကြည့်ရှု့စစ်ဆေးခဲ့ပြီးနောက် ညွှန်ကြားရေးမှူး ဦးမျိုးမျိုးမှ လိုအပ်သည်များအားအကြံပြုမှာကြားခဲ့သည်။
          အကယ်ကြီးကြို့ကုန်းကျေးရွာသည် ပြည်ထောင်စုရန်ပုံငွေ ၂၀.၀၀၃သန်းဖြင့် ဆိုလာရေတင်စနစ် စိုက်ပျိုးရေရရှိရေးလုပ်ငန်း (5.5Hp (8") incline Pump၊ 7.5kW Inverter &9.9kw Solar )တပ်ဆင်ခြင်းနှင့်  ဆီဆုံကုန်းကျေးရွာသည် ပြည်ထောင်စုရန်ပုံငွေ ၁၃.၉၄၅ ကျပ်သန်းဖြင့် ဆိုလာရေတင်စနစ် စိုက်ပျိုးရေရရှိရေးလုပ်ငန်း (3Hp Centrifugal Pump,4kw Inverter & 5.4 kw Solar )တပ်ဆင်ခြင်းလုပ်ငန်းများအား  တင်ဒါအောင်မြင်သည့် ZLT ကုမ္ပဏီမှ တာ၀န်ယူဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းအားလုံး ရာနှုန်းပြည့်ပြီးစီးပြီဖြစ်သောကြောင့် အဆိုပါ ကျေးရွာများမှ တောင်သူများ အလှည့်ကျစနစ်ဖြင့် ပြောင်းရွှေ့အသုံးပြုလျက်ရှိကြောင်း သိရသည်။