ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင် သုံးခွမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ကျေးလက်နေပြည်သူများ၏ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အခြားစီးပွားရေး လုပ်ငန်းများ မှထုတ်ကုန်၊ ထွက်ကုန်များကို ဈေးကွက်သို့ကုန်ကျစရိတ်သက်သာစွာ သယ်ယူပို့ဆောင်နိုင်စေရန် ရည်ရွယ်၍ နန်းခလဲကျေးရွာ၌ ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်နေမှု အခြေအနေများကို ဇန်နဝါရီ ၃၁ ရက်က တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းစစ်ဆေးရာတွင် ရန်ကုန်တိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး(နည်းပညာ) ဦးကျော်သူကိုကို၊ သန်လျင်ခရိုင် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဒေါ်စိုးစိုးမြင့်၊ သုံးခွမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဒေါ်ခင်နှင်းချိုနှင့် အင်ဂျင်နီယာဝန်ထမ်းများက နန်းခလဲကျေးရွာ၌ ကျေးလက်ကုန်ထုတ်လမ်းဖောက်လုပ်နေမှု အခြေအနေများကို ကြည့်ရှု စစ်ဆေးပြီး တိုင်းဒေသကြီး ဒုတိယညွှန်ကြားရေးမှူးက ကျေးရွာရှိရပ်မိရပ်ဖများ၊ ကုန်ထုတ်လမ်း ဖြစ်မြောက်ရေး ကော်မတီဝင် များနှင့် တွေ့ဆုံကာ လုပ်ငန်းများသတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး အလေးထား ဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားသည်။
နန်းခလဲကျေးရွာ၌ အရှည် ၁ ဒဿမ ၈၃ မိုင်၊ အကျယ် ၁၂ ပေ၊ အမြင့်ကိုးလက်မရှိ ဂဝံမြေ လမ်းခင်းခြင်းလုပ်ငန်း၊ ၎င်းလမ်းပေါ်တွင် အရှည်ခြောက်ပေ၊ အကျယ်ပေ ၂၀၊ အမြင့်ခြောက် ပေရှိ Box Culvert တစ်စင်းတည်ဆောက်ခြင်းလုပ်ငန်းများကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် တိုင်းဒေသကြီး အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေကျပ် ၁၁၆ ဒဿမ ၃၇ သန်းဖြင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ အင်ဂျင်နီယာဝန်ထမ်းများက ကြီးကြပ်၍ ကျေးရွာသူ၊ ကျေးရွာသား များကိုယ်တိုင် ၂၀၂၃ ခုနှစ် ဩဂုတ်လတတိယပတ်မှစတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ ၆၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှသိရသည်။