Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ဒလမြို့နယ်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ရေပေးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

05 February 24

ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ဒလမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန က ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ရေပေးရေးလုပ်ငန်း ဆောင်ရွက်နေမှုများကို ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိ သူများ ဇန်နဝါရီ ၃၁ ရက် နံနက် ၉ နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

      ကွင်းဆင်းစစ်ဆေးရာတွင် တွံတေးခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးနေဝင်း၊ မှော်ဘီခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ဆွေဆွေမြင့် နှင့် တာဝန်ရှိသူများသည် ဒလမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဝါဝါထွန်းနှင့် ဝန်ထမ်းများလိုက်ပါလျက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်သည့် ဒလမြို့နယ် သမ္ဘာန်ချောင်းကျေးရွာ ရေကန်ခြံစည်းရိုးကာရံခြင်းလုပ်ငန်း၊ ရခိုင်ချောင်တောင်ကျေးရွာ ရေကန်အနက်နှိုက်ခြင်းလုပ်ငန်းနှင့် ရွှေဂဲပျံကျေးရွာ ရေကန်အနက်နှိုက်ခြင်းလုပ်ငန်း ဆောင်ရွက် ပြီးစီးမှုများကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

      ထို့နောက် တွံတေးခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးနေဝင်းနှင့် တာဝန်ရှိသူများသည် ကျေးရွာများမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေး  ရေပေးရေးလုပ်ငန်းများကို ရှင်းလင်းမှာကြားခဲ့ကြောင်း သိရသည်။