Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

မိုးညှင်းမြို့နယ်နန့်လှိုင်ကျေးရွာ၌ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်းစီမံကိန်း (RBF)လုပ်ငန်းများဆောင်ရွက်ထားရှိမှုအားကွင်းဆင်းစစ်ဆေး(၃၀.၁.၂၀၂၄)ရက်နေ့မြဝတီရုပ်မြင်သံကြားသတင်း)

30 January 24

မိုးညှင်းမြို့နယ်နန့်လှိုင်ကျေးရွာ၌ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်းစီမံကိန်း (RBF)လုပ်ငန်းများဆောင်ရွက်ထားရှိမှုအားကွင်းဆင်းစစ်ဆေး(၃၀.၁.၂၀၂၄)ရက်နေ့မြဝတီရုပ်မြင်သံကြားသတင်း) 

မိုးညှင်း၊ဇန်နဝါရီ၂၉

ကချင်ပြည်နယ်၊မိုးညှင်းမြို့နယ်၊နန့်လှိုင်ကျေးရွာတွင် ၂၀၂၃−၂၀၂၄ဘဏ္ဍာနှစ်မှာ ကျေးလက်စီးပွားမြင့်မား ရေးရန်ပုံငွေထူထောင်ရေးလုပ်ငန်းစီမံကိန်း (RBF)ဖြင့်အကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေ အနေများကို ဇန်နဝါရီ ၂၉ ရက် နံနက်(၁၀)နာရီအချိန်က တာဝန်ရှိသူများက သွားရောက် ကြည့်ရှု စစ်ဆေးခဲ့ကြောင်းသိရသည်။

ထိုသို့ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှခရိုင်ဦးစီးမှူးဦးထွန်းထွန်းဝင်း၊မြို့နယ်ဦးစီးမှူးဦးဌေးမြင့်နှင့်ဝန်ထမ်းများ၊မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ် ဦးစီးမှူးဦးတင့်မျိုးကိုတို့က ကျေးရွာကော်မတီဝင်များနှင့်အတူ ကျေးရွာ/သားများကို ချေးငွေများဖြင့် ဆောင်ရွက်ထားရှိလုပ်ငန်းများကို လိုက်လံကြည့်ရှုကြရာ တာဝန်ရှိသူများက “ ယခုဘဏ္ဍာရေးနှစ်မှာ ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ရေးလုပ်ငန်းစီမံကိန်း (RBF)ဖြင့်ဆောင်ရွက်လျက်ရှိသည့် အသက်မွေးဝမ်းကျောင်း အဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေများနှင့်ပတ်သက်ပြီး ချေးငွေရယူထားသည့်လုပ်ငန်းများသတ်မှတ်ထားသည့်စည်းမျဉ်းစည်းကမ်းအတိုင်း အမှန်တကယ် အကောင်အထည်ဖော်ဆောင်ရွက်ကြရန် ၊ရရှိထားသည့်ရန်ပုံငွေဖြင့် အတိုးရငွေများ လေလွင့်ဆုံးရှုံးမှု မရှိစေရန် အတွက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုတိုးတက်ရေးဦးစီးဌာန ကျေးရွာကော်မတီဝင်များမှ ကြီးကြပ်ဆောင်ရွက်ကြရန် ” စသည်တို့ကို ဆွေးနွေးပြောကြားခဲ့သည်။

နန့်လှိုင်ကျေးရွာတွင် ၂၀၂၃-၂၀၂၄ခုဘဏ္ဍာနှစ်တွင် ကျေးလက်စီးပွားမြင့်မားရေးစီမံကိန်း ရန်ပုံငွေ (RBF)ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် အောင်မြင်မွေးမြူရေးအဖွဲ့နှင့်ပန်းတိုင်မွေးမြူရေးအဖွဲ့ တို့မှ အိမ်ထောင်စု(၁၄) စု၊ ကျော်ကြားစိုက်ပျိုးရေးအဖွဲ့နှင့်တိုးတက်စိုက်ပျိုးရေးအဖွဲ့မှ အိမ်ထောင်စု(၁၂) စု စုစုပေါင်း အဖွဲ့(၄)ဖွဲ့မှ အိမ်ထောင်စု (၂၆)စုတို့အကောင်အထည်ဖော်ဆောင်ရွက်ပြီး စိုက်ပျိုးရေးအဖွဲ့ (၂)ဖွဲ့မှ  နေကြာစိုက်ပျိူးသည့်ဧက(၅၀) နှင့် မွေးမြူရေးအဖွဲ့(၂)ဖွဲ့မှ အသားတိုးဝက် အကောင်(၇၀) မွေးမြူခြင်းတို့ ဆောင်ရွက်လျက်ရှိကြောင်းနှင့် ၎င်းအဖွဲ့(၁)ဖွဲ့လျှင်ထောက်ပံ့ငွေကျပ် (၇၅) သိန်းစီဖြင့် အဖွဲ့(၄)ဖွဲ့အတွက် ငွေကျပ်သိန်း ၃၀၀ ကို ထုတ်ချေးပေးထားကြောင်းသိရသည်။

(၃၀.၁.၂၀၂၄)ရက်နေ့မြဝတီရုပ်မြင်သံကြားနံနက်(၁၀:၀၀)သတင်းတွင်ပါရှိသည်။