မိုးကောင်းမြို့နယ်မီးသွေးကုန်းကျေးရွာ၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ပြီးစီးမှုစစ်ဆေး (၂၆.၁.၂၀၂၄)ရက်နေ့ထုတ် မြို့တော်သတင်းစာနှင့် (၂၈.၁.၂၀၂၄)ရက်နေ့ထုတ်ရတနာပုံသတင်းစာ
မိုးကောင်း၊ ဇန်နဝါရီ ၂၅
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မန်ရွက်ကျေးရွာအုပ်စု၊မီးသွေးကုန်းကျေးရွာ၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ပြီးစီးမှု ကို ဇန်နဝါရီ ၂၅ ရက် နံနက်ပိုင်းက ကွင်းဆင်း စစ်ဆေးခဲ့ကြောင်းသိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင်မိုးကောင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်မေဝင်းနှင့်ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းတာဝန်ခံတို့နှင့် အတူ မီးသွေးကုန်းကျေးရွာ၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးပြီး မြို့နယ် ဦးစီးမှူးကဆောင်ရွက်ပြီးဖွံ့ဖြိုးရေးလုပ်ငန်းများကို အကျိူးရှိရှိအသုံးချပြီး ရေရှည်တည်တံ့ခိုင်မြဲအောင်ထိန်းသိမ်းစောင့်ရှောက်ကြရန်မှာကြားသည်။
မီးသွေးကုန်းကျေးရွာ၌ အရှည်ပေ၂၅၀၊ အကျယ် ၁၂ပေ၊အမြင့် ၆ လက်မရှိကွန်ကရစ်လမ်း ခင်းခြင်းနှင့် ရေသန့်စက်တပ်ဆင်ခြင်းလုပ်ငန်းများကို (VDP)စီမံကိန်းရန်ပုံငွေကျပ် ၁၅ သန်း နှင့်ကျေးရွာပြည်သူထည့်ဝင်ငွေ ကျပ် သုညဒသမ ၆ သန်း တို့ဖြင့်
မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနဝန်ထမ်းများ၏ နည်းပညာပံ့ပိုးမှုဖြင့် ကျေးရွာသူ/ကျေးရွာသားများက ၂၀၂၃ ခုနှစ် အောက်တိုဘာလ တတိယပတ်က စတင်ဆောင် ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများရာနှုန်း ပြည့်ပြီးစီး ပြီဖြစ်ကြောင်းသိရသည်။
(၂၆.၁.၂၀၂၄)ရက်နေ့ထုတ် မြို့တော်သတင်းစာ စာမျက်နှာ (၈)ကော်လံ(၃/၄)တွင်လည်းကောင်း (၂၈.၁.၂၀၂၄)ရက်နေ့ထုတ် ရတနာပုံသတင်းစာ စာမျက်နှာ(၇)ကော်လံ(၅/၆)တွင်လည်းကောင်း ပါရှိသည်။