Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကျေးရွာသုံးရွာ တစ်ယူနစ်စနစ်ဖြင့် မြစိမ်းရောင်စီမံကိန်း ဒုတိယအကြိမ် ချေးငွေထုတ်ချေး

31 January 24

          တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးရွာသုံးရွာတစ်ယူနစ်စနစ်ဖြင့် ဆောင်ရွက်သော မြစိမ်းရောင်ကျေးရွာစီမံကိန်းမှ ဒုတိယအကြိမ်စီမံကိန်းချေးငွေများ ပြန်လည်ထုတ်ချေးခြင်းကို ဇန်နဝါရီလ ၂၉ ရက် နံနက်ပိုင်းတွင် ကျောင်းတောင်ကျေးရွာ၌ ကျင်းပသည်။

          ရှေးဉီးစွာ မြိတ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးထွန်းထွန်းဝင်းက ကျောင်းတောင်ကျေးရွာ၊ရှောင်ထဲကျေးရွာနှင့် သစ်တောင်ကျေးရွာတို့မှ ကျေးရွာတာဝန်ရှိသူများ ၊ကျေးရွာလုပ်ငန်းအဖွဲ့များ၊အသင်းသားအသင်းသူများနှင့်တွေ့ဆုံပြီး မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များရရှိလာမည့် အကျိုးကျေးဇူးများ၊ စီမံကိန်းလက်စွဲစာစောင်ပါ အကြောင်းအရာများ အရင်းအတိုးငွေများကို သတ်မှတ်ရက်အတွင်း ပေးသွင်းစေလိုကြောင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဥပဒေ၊ နည်းဥပဒေပါစီမံကိန်းနှင့် သက်ဆိုင်သော သတ်မှတ်စည်းမျဉ်းစည်းကမ်းချက်များ၊ ပြစ်မှုပြစ်ဒဏ်များကို ရှင်းလင်းပြောကြားပြီး ကျေးရွာမြစိမ်းရောင်လုပ်ငန်းအဖွဲ့ဝင်များထံသို့ စီမံကိန်းရန်ပုံငွေကျပ်(၃၂၅)သိန်းကို လွှဲပြောင်းပေးအပ်သည်။