Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

မော်လမြိုင်ကျွန်းမြို့နယ်တွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု လျှပ်စစ်သံဂဟေဆက်သင်တန်းဆင်းပွဲကျင်းပ

29 January 24

 
         ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင် မော်လမြိုင်ကျွန်း မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ပူးပေါင်းဖွင့်လှစ်သော အသက်မွေး ဝမ်းကျောင်း အထောက်အကူပြု လျှပ်စစ်သံဂဟေဆက်သင်တန်း ဆင်းပွဲကို ဇန်နဝါရီ  လ ၂၆ ရက် မွန်းလွဲ ၂နာရီက  မော်လမြိုင်ကျွန်း မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ရုံးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။
         အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးအောင်ဖြိုးမှအဖွင့်အမှာစကားပြောကြားခဲ့ပြီး မော်လမြိုင်ကျွန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသီဟဇော်မှ   ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ပူးပေါင်း၍ ကျေးလက်လူငယ်များ အသက်မွေးဝမ်းကျောင်း ပြုရန်အတွက်ရည်ရွယ်ပြီး လျှပ်စစ်သံဂဟေဆက်နည်းသင်တန်းကို (၃၀)ရက်ကြာ ဖွင့်လှစ် သင်ကြားပေးခဲ့ပြီဖြစ်ကြောင်း၊ ယခုအခာ သင်တန်းပြီးဆုံးပြီဖြစ်သဖြင့် သင်တန်းသားများအနေဖြင့်သင်တန်းမှရရှိသော အတတ်ပညာ များကို စဉ်ဆက်မပြတ်လေ့လာ သင်ယူပြီး မိမိတို့ဘဝတိုးတက်ရာ တိုးတက်ကြောင်းအတွက် လက်တွေ့နယ်ပယ်တွင်အကောင်အထည် ဖော်ဆောင်ရွက်ပြီး မိသားစုစီးပွားရေးကို အထောက်အပံ့ပေးနိုင်အောင် ကြိုးစားသွားကြရန်ပြောကြားခဲ့ပါသည်။
         ထို့နောက် ဧရာဝတီတိုင်းဒေသကြီးအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးအောင်ဖြိုး၊ မော်လမြိုင်ကျွန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသီဟဇော်  မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ နည်းပညာ ခန့်ဇင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သင်တန်းဆင်းလက်မှတ်များအား သင်တန်းသားများထံသို့လည်းကောင်း၊ သင်တန်းတွင်ထူးချွန်သည့် သင်တန်းသားများထံသို့ သင်တန်းထူးချွန်ဆု အသီးသီးအားလည်းကောင်း၊ သင်တန်းနည်းပြထံသို့ ဂုဏ်ပြု မှတ်တမ်းလွှာအားလည်းကောင်း အသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။
       အဆိုပါသင်တန်း သို့ ကျေးရွာပေါင်း (၈)ရွာမှ သင်တန်းသား (၁၅)ဦးအား ကျွမ်းကျင်သင်တန်းနည်းပြဆရာများမှ ဒီဇင်ဘာလ ၂၈ရက်နေ့မှ ဇန်နဝာရီလ ၂၆ရက်နေ့ထိ ရက်ပေါင်း (၃၀)ကြာ  စာတွေ့လက်တွေ့အးသင်ကြားပို့ချ​ပေးခဲ့ကြောင်း​မော်လမြိုင်ကျွန်းမြို့နယ်​ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။