မအူပင် ဇန်နဝါရီ ၂၈
မအူပင်မြို့နယ်၊ ကျုံစုတ်ကျေးရွာအုပ်စု၊ကျုံစုတ်ကျေးရွာတွင် နွေစပါးစိုက်တောင်သူများ စိုက်ပျိုးရေရရှိရေးအတွက် ဆိုလာရေတင်စနစ်တပ်ဆင်ဆောင်ရွက်ခဲ့ရာ မအူပင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာမှ မြို့နယ်ဦးစီးမှူး၊ ဒေါက်တာမနားကီးနှင့် ဝန်ထမ်းများသည် ဇန်နဝါရီ လ ၂၈ ရက်နေ့ တွင် ကျေးရွာရှိ လယ်ကွင်းအရောက်ကွင်းဆင်း သွားရောက်ကာ တပ်ဆင်ပေးခဲ့သည်။အဆိုပါဆိုလာရေတင်စနစ်သည် စပါးစိုက်ပျိုးချင်သော်လည်း ရေတင်ရန်လိုအပ်သည့်စက်နှင့် ဆက်စပ်ပစ္စည်းများ၊စက်ရှိသော်လည်းစက်သုံးဆီသုံးစွဲရန်အခက်အခဲဖြစ်ပေါ်နေသည့်တောင်သူများ၏စိုက်ပျိုးရေဖူလုံစွာရရှိရန်အတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှကျေးရွာများသို့အလှည့်ကျစနစ်ဖြင့်အခမဲ့ ငှားရမ်းအသုံးပြုခွင့် ပေးထားခြင်းဖြစ်ပါသည်။ ကျုံစုတ်ကျေးရွာတွင် ဆိုလာရေတင်စနစ် (၂) စုံတပ်ဆင်ပေးထားပြီး နွေစပါးစိုက်တောင်သူ(၂၆)ဦး၊ လယ်ဧက (၁၆၄) ဧကအား အကျိုးပြုလျက်ရှိပါသည်။ အလားတူအခြားကျေးရွာများတွင်လည်းဆိုလာရေတင်စနစ်အား ဆောင်ရွက်ပေးလျက်ရှိပြီးစိုက်ပျိုးရေရရှိနိုင်မှုမရှိသဖြင့် နွေစပါးမစိုက်နိုင်ခြင်း မိမိအစီအစဉ်ဖြင့် ရေတင်သည့်စနစ် ဆောင်ရွက်နေသော်လည်းစက်သုံးဆီကျခံနိုင်မှုမရှိသဖြင့် စိုက်ကွင်းသို့ရေအပြည့်အဝမသွင်းနိုင်ခြင်း၊ ရေဖူလုံစွာမရသဖြင့် စပါးအထွက်တိုးမှုအားနည်းခြင်းစသည့်ဖြင့် စပါးစိုက်တောင်သူများ ကြုံတွေ့နေရသည့် အခက်အခဲပေါင်းများစွာကိုကျော်လွှားနိုင်ခဲ့ပြီဖြစ်ပါသည်။