မအူပင် ဇန်နဝါရီ ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ နတ်စဉ်ကျေးရွာအုပ်စု၊ ကံကုန်းကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (VDP)ဖြင့် ဆောင်ရွက်သော ကွန်ကရစ်ဘီးလမ်းခင်းခြင်းလုပ်ငန်းကို နိုင်ငံတော်ထောက်ပံ့ရန်ပုံငွေကျပ်(၁၅.၀)သန်းနှင့် ကျေးရွာမှ ပြည်သူထည့်ဝင်လှူဒါန်းငွေကျပ် (၃.၀) သန်းစုစုပေါင်းငွေကျပ် (၁၈.၀) သန်းဖြင့် လမ်းအရှည် ၁၁၈၀ ပေ၊ လမ်းအကျယ် (၂.၅+၂.၅) ပေ၊ အမြင့် ၆ လက်မထုဖြင့် ဆောင်ရွက်ပြီးစီးခဲ့ပြီး ဇန်နဝါရီလ ၂၆ ရက်နေ့တွင် Mobile Solar ရေသန့်စင်စနစ် တပ်ဆင်ခြင်းနှင့် Social Audit ပြုလုပ်ခြင်းအား မအူပင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှဦးစီးအရာရှိ၊ဒေါ်ခင်သီတာမြင့်မှ ဦးဆောင်၍ သွားရောက်ဆောင်ရွက်ခဲ့ရာကျေးရွာကော်မတီဝင်များနှင့် ကျေးရွာသူ/သား( ၃၂၈)ဦး တက်ရောက်ခဲ့ပါသည်။ အဆိုပါ လုပ်ငန်းများပြီးစီးပြီ ဖြစ်ပါသဖြင့်ကျေးရွာရှိ အိမ်ထောင်စု(၈၀)စု၊လူဦးရေ(၃၂၈)ဦးတို့မှာလမ်းပန်းဆက်သွယ်ရေး ပိုမိုအဆင်ပြေချောမွေ့စွာ သွားလာနိုင်မည်ဖြစ်၍ သန့်ရှင်းသော သောက်သုံးရေသုံးစွဲကြရမည်သာမက ကျေးလက်နေပြည်သူများ၏ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးစသည့်ကဏ္ဍစုံတွင် ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပြီးကျေးရွာ၏စည်းလုံးညီညွှတ်မှု၊ ငွေကြေးစီမံခန့်ခွဲမှုစွမ်းရည်များ၊ လုပ်ငန်းအပေါ်စီမံနိုင်မှုများ၊ မိမိရပ်ရွာအတွက်ဖွံ့ဖြိုးမှုလိုလားသော ကျေးလက်ဖွံ့ဖြိုးရေးစိတ်ဓါတ်များ ယခင်ထက်တိုးပွားလာမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။