ရန်ကုန်တိုင်းဒသကြီး တွံတေးခရိုင် ဒလမြို့နယ်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို တွံတေးခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများ ဇန်နဝါရီလ ၂၀ ရက် နံနက် ၁၀နာရီက ကွင်ဆင်း စစ်ဆေးခဲ့သည်။
ကွင်းဆင်းစစ်ဆေးရာတွင် တွံတေးခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဌာနမှ ခရိုင်ဦးစီးမှူး ဦးနေဝင်းနှင့်တာဝန်ရှိသူများသည် ဒလမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဌာန မြို့နယ်ဦးစီးမှူးဒေါ်ဝါဝါထွန်းနှင့် ဝန်ထမ်းများလိုက်ပါလျှက် ဒလမြို့နယ် ရခိုင်ချောင် (တောင်) ကျေးရွာအုပ်စု၊ ရွေဂဲပျံကျေးရွာအတွင်း ပြည်ထောင်စု (မွမ်းမံ)ရန်ပုံငွေဖြင့် ဆောင်ရွက် နေသော အလျားပေ ၁၀၀၊ အနံပေ၁၀၀၊ အနက် ၃ပေမြေသားရေကန် အနက်နှိုက်ခြင်း လုပ်ငန်းကို ကွင်းဆင်းကြည့်ရှု့စစ်ဆေးပြီး တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ လုပ်ငန်းအားလုံး သတ်မှတ် စံချိန်စံညွှန်းအတိုင်း အချိန်မီပြီးစီးရေးနှင့် ရေရှည်ထိန်းသိမ်းရေးလုပ်ငန်းများကို လမ်းညွှန်မှာ ကြားခဲ့ကြောင်း သိရသည်။
အဆိုပါဒလမြို့နယ်ရခိုင်ချောင် (တောင်) ကျေးရွာအုပ်စု၊ ရွေဂဲပျံကျေးရွာတွင် အိမ်ခြေ၃၀၊ အိမ်ထောင်စု ၃၅စု၊ လူဦးရေ ၁၆၅ဦးနေထိုင်ကာ ကန်ရေကို အဓိကထားအသုံးပြုနေရသဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု (မွမ်းမံ) ရန်ပုံငွေဖြင့် ရေသိုလှောင်မှု ပိုမိုရရှိစေရန်အတွက် ပင်မရေကန်အနက်မှ ထပ်မံရေကန် အနက်နှိုက်ခြင်းလုပ်ငန်းကို ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနမှ သိရသည်။