Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

Smart Village နှင့် VDP စီမံကိန်းတို့ဖြင့် ဆောင်ရွက်သည့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

24 January 24

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူ ဆောင်ရွက်သော ဗိုလ်ချုပ်ကျေးရွာ၊ကျောင်းကုန်းဆိပ်ကြီးလမ်း ကတ္တရာလမ်းတိုးချဲ့ခြင်းလုပ်ငန်း၊ သန်လျင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃ -၂၀၂၄ဘဏ္ဍာနှစ်အတွင်း ကရင်ဆိပ် ကျေးရွာ၌ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော  Smart Village စီမံကိန်း၊ကျေးရွာဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့် ဆောင်ရွက်သော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဇန်နဝါရီလ ၂၀ရက်က      သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်၊ ရန်ကုန်တိုင်းဒေသကြီး  ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဉီးစီးမှူး ဦးကျော်လင်းသန်း၊ရန်ကုန်တိုင်း ဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသက်ဇော် နှင့်တာဝန်ရှိသူများက ကွင်းဆင်း စစ်ဆေးကြကြောင်း သိရသည်။

            ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကရင်ဆိပ်ကျေးရွာအတွင်း Smart Village စီမံကိန်းဖြင့်ဆောင်ရွက် သော အရှည်ပေ ၇၅၀၊အကျယ် ၈ပေ၊ထု ၆လက်မရှိ ဆန်စက်ဘေးလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း အရှည်ပေ ၆၀၀၊အကျယ် ၈ပေ၊ထု ၆လက်မရှိ ဆေးခန်းဘေးလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းနှင့်ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့် ဆောင်ရွက်သော ကျေးရွာစာကြည့်တိုက်တည်ဆောက်ခြင်း လုပ်ငန်းတို့ကို တာဝန်ရှိသူများက ကြည့်ရှု့စစ်ဆေးကြကြောင်း သိရသည်။