ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းများ ဆောင်ရွက်နေမှုတို့ကို ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြားရေးမှူး ဦးကျော်လင်းသန်းသည် သန်လျင်ခရိုင်ဦးစီးမှူး၊မြို့နယ်ဦးစီးမှူး တို့နှင့်အတူ ကရင်ဆိပ်ကျေးရွာ ခေတ်မီစံပြကျေးရွာစီမံကိန်းဖြင့် ကွန်ကရစ်လမ်းလေးလမ်းခင်းခြင်း၊အမှိုက် ကန်တည်ဆောက်ခြင်းနှင့် စာကြည့်တိုက်တည်ဆောက်နေခြင်း လုပ်ငန်းများကို ကြည့်ရှု့စစ်ဆေးသည်။
ထို့နောက် တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်လင်းသန်းသည် လုပ်ငန်းအခက်အခဲများအား ညှိနှိုင်း ဆောင်ရွက်ပေးပြီး ကျေးရွာသန့်ရှင်းသာယာလှပရေးနှင့် စီမံကိန်းလုပ်ငန်းများ ရေရှည်ကောင်းမွန်နိုင်ရေး အတွက် ထိန်းသိမ်းဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။