ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ် ကျီးတန်းကျေးရွာအုပ်စု၊ ကျီးတန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ဇန်နဝါရီ ၁၇ ရက် မွန်းလွဲ ၁ နာရီ က မြစိမ်းရောင်ကျေးရွာ စီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ထုတ်ချေးပေးခဲ့ရာ တွံတေးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဒေါ်ယဉ်ယဉ်ဌေးက အမှာစကားပြောကြားခဲ့ပြီး အသင်းသား ၁၂၆ ဦးသို့ စုစုပေါင်းငွေကျပ် ၃၂၉ သိန်း ကို မြို့နယ်ကျေးလက် ဝန်ထမ်းများ ကြီးကြပ် ၍ ကျီးတန်းကျေးရွာ မြစိမ်းရောင်လုပ်ငန်းအဖွဲ့ ဥက္ကဌ ဦးစောမြင့်စိုးနှင့် အဖွဲ့ဝင်များက စနစ်တကျ နေ့ချင်းပြီး ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။