မိုးကောင်းမြို့နယ်အုန်းဘောင်ကျေးရွာ၌ ကျေးလက်ကုန်ထုတ်လမ်းဖောက်လုပ်နေမှုအား ခရိုင်ဦးစီးမှူးမှစစ်ဆေး (၁၆.၁.၂၀၂၄)ရက်နေ့ထုတ်မြို့တော်သတင်းစာ
မိုးကောင်း၊ ဇန်နဝါရီ၁၅
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ပြည်နယ်ခွင့်ပြုရန်ပုံငွေဖြင့် အုန်းဘောင်ကျေးရွာ၌ ကျေးလက်ကုန် ထုတ်လမ်း ဖောက်လုပ်ခြင်းလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေကို ဇန်နဝါရီ ၁၅ ရက်နေ့က တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ ကြောင်းသိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မိုးညှင်းခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန ခရိုင် ဦးစီးမှူး ဦးထွန်းထွန်းဝင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်မေဝင်း နှင့် တာဝန်ခံအင်ဂျင်နီယာတို့က အုန်းဘောင်ကျေးရွာ ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်ခြင်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကိုကြည့်ရှုစစ်ဆေးပြီးကုမ္ပဏီ တာဝန် ရှိသူများက လုပ်ငန်း ဆောင်ရွက်ထားရှိမှု အခြေအနေများ ကို ရှင်းလင်းတင်ပြရာ ခရိုင်ဦးစီးမှူးက လုပ်ငန်းများသတ်မှတ်စံချိန် စံညွှန်းပြည့်မီစွာဖြင့် အချိန်မီပြီးစီး အောင်ဆောင်ရွက်ရန်မှာကြား ခဲ့ကြောင်းသိရသည်။
အဆိုပါအုန်းဘောင်ကျေးရွာတွင် ကျေးလက်ကုန်ထုတ်လမ်းကို အရှည် ၁ မိုင်၊ အကျယ် ၁၂ ပေ၊ ထု ၂ ပေ ၉ လက်မ နှင့် အုတ်ခုံခံကွန်ကရစ်တံတား တစ်စင်းတည်ဆောက်ခြင်း လုပ်ငန်းများအား ၂၀၂၃- ၂၀၂၄ ခု ဘဏ္ဍာနှစ် ပြည်နယ်ခွင့်ပြုရန်ပုံငွေ ကျပ် ၁၄၃ ဒသမ ၉၆၄ သန်းဖြင့် ဓနထွန်းလျှံ ကုမ္ပဏီက နိုဝင်ဘာလ စတုတ္ထပတ်က စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ ၂၀% ခန့် ပြီးစီးပြီဖြစ်ကြောင်း မိုးကောင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်မေဝင်းထံ မှ သိရသည်။
(၁၆.၁.၂၀၂၄)ရက်နေ့မြို့တော်သတင်းစာ စာမျက်နှာ(၅)ကော်လံ(၁/၂)တွင်ပါရှိသည်။