မိုးကောင်းမြို့နယ်ညောင်ကုန်းကျေးရွာ၌VDPစီမံကိန်းလုပ်ငန်းများဆောင်ရွက်နေမှုကွင်းဆင်းစစ်ဆေး(၆.၁.၂၀၂၄)ရက်နေ့ထုတ်မြို့တော်သတင်းစာ၊(၇.၁.၂၀၂၄)ရက်နေ့ထုတ်ရတနာပုံသတင်းစာ နှင့်မြဝတီသတင်းစာ
မိုးကောင်း၊ဇန်နဝါရီ ၆
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းVDP ရန်ပုံငွေနှင့်ကပြည်သူ ထည့်ဝင်ငွေတို့ဖြင့်ညောင်ကုန်းကျေးရွာ၌ကျေးရွာဘက်စုံသုံးခန်းမအုတ်တံတိုင်းကာရန်ခြင်းလုပ် ငန်းများ ဆောင်ရွက်နေမှုကို ဇန်နဝါရီ ၅ ရက် နံနက်ပိုင်းက တာဝန်ရှိသူများကွင်းဆင်းစစ်ဆေးခဲ့ ကြောင်းသိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင်မိုးကောင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်မေဝင်းက VDP စီမံကိန်းတာဝန်ခံတို့နှင့်အတူ ညောင်ကုန်းကျေးရွာတွင် ကျေးရွာဘက်စုံသုံးခန်းမ အုတ်တံတိုင်းကာရန်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှု စစ်ဆေး ပြီး ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းကော်မတီဝင်များနှင့် တွေ့ဆုံကာ လုပ်ငန်းများသတ်မှတ်စံချိန်းစံ ညွှန်းပြည့်မီအောင်ဆောင်ရွက်ကြရန်နှင့် ဆောင်ရွက်ပြီးစီးပါကလည်းရေရှည်တည်တံ့ခိုင်မြဲအောင် ထိန်းသိမ်းစောင့်ရှောက်ကြရန်မှာကြားသည်။
အဆိုပါညောင်ကုန်းကျေးရွာ၌ အလျားပေ ၆၀၊အနံ ပေ၃၀၊ အမြင့် ၁၂ပေ ရှိသည့် ကျေးရွာဘက်စုံ သုံးခန်းမဆောင် အတွင်း ဆက်စပ်လုပ်ငန်းများဖြစ်သည့် မျက်နှာကျက်တပ်ဆင်ခြင်း၊စတိတ်စင် တည်ဆောက်ခြင်းနှင့် အရှည်ပေ ၂၅၀၊အမြင့် ၅ ပေခွဲရှိခန်းမဆောင်အုတ်တံတိုင်း ကာရံခြင်းလုပ် ငန်းများကို ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းVDPရန်ပုံငွေ ကျပ် ၁၅ သန်း ၊ပြည်သူ ထည့်ဝင်ငွေကျပ် ၁ ဒသမ ၁ သန်း အသုံးပြု၍ ဦးစီးဌာနမှ နည်းပညာကူညီပံ့ပိုးမှုတို့ဖြင့် ကျေးရွာ သူ/ကျေးရွာသားများကိုယ်တိုင် ၂၀၂၃ခုနှစ် နိုဝင်ဘာလ တတိယပတ်မှ စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါလုပ်ငန်းများ ၅၀ရာခိုင်နှုန်းဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရ သည်။
(၆.၁.၂၀၂၄)ရက်နေ့ထုတ်မြို့တော်သတင်းစာ၊စာမျက်နှာ(၈)၊ကော်လံ(၄/၅/၆)တွင်လည်းကောင်း၊ ( ၇.၁.၂၀၂၄)ရက်နေ့ထုတ်ရတနာပုံသတင်းစာ၊စာမျက်နှာ(၅)၊ကော်လံ(၅/၆)တွင်လည်းကောင်း၊ (၇.၁.၂၀၂၄)ရက်နေ့ထုတ်မြဝတီသတင်းစာ၊စာမျက်နှာ(၉)၊ကော်လံ(၁/၂/၃/၄/၅)တွင်လည်းကောင်းပါရှိသည်။