Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ဒလမြို့နယ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း(ဆီထွက်သီးနှံ) စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေး

15 January 24

ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ဒလမြို့နယ်တွင်  မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ)အတွက် စိုက်ပျိုးစရိတ်ချေးငွေများကို ဇန်နဝါရီ ၉ ရက် နံနက် ၁၀ နာရီက ကျေးရွာများ အရောက် ကွင်းဆင်းထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

        ဒလမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိသော မြစိမ်းရောင်ကျေးရွာစီမံကိန်း(ဆီထွက်သီးနှံ)အတွက် ဒလမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဝါဝါထွန်းနှင့် တာဝန်ရှိသူများသည် ဒလမြို့နယ် ရခိုင်ချောင်တောင်ကျေးရွာအုပ်စု ရခိုင်ချောင်တောင်ကျေးရွာမှ မြစိမ်းရောင်စီမံကိန်း အသင်းသား စုစုပေါင်း ၁၇ ဦးတို့၏(ဆီထွက်သီးနှံ)စိုက်ပျိုးဧက ၅၀ အတွက် ချေးငွေကျပ်သိန်း ၁၀၀ ကို ထုတ်ချေး ပေးခဲ့ပြီး ဒလမြို့နယ် သမ္ဘာန်ချောင်းကျေးရွာ မြစိမ်းရောင်ကျေးရွာစီမံကိန်း အသင်းသား ၂၀ တို့၏ (ဆီထွက်သီးနှံ)စိုက်ပျိုးဧက ၅၀ အတွက် ချေးငွေကျပ်သိန်း ၁၀၀ ကို ကျေးရွာအရောက် ကွင်းဆင်းကာ ပွင့်လင်းမြင်သာစွာ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

        အဆိုပါ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသော မြစိမ်းရောင်ကျေးရွာစီမံကိန်း(ဆီထွက်သီးနှံ) စိုက်ပျိုးတောင်သူများအတွက် ချေးငွေ ကာလ ၁၂ လအတွင်း စိုက်ပျိုးစရိတ်ချေးငွေများကို သက်သာအတိုးနှုန်းပြား ၅၀ ဖြင့် ထုတ်ချေးပေး ခြင်းဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးမှ သိရသည်။