ဝမ်းတွင်းမြို့နယ် တောင်ဘိုကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့်ကွန်ကရစ်လမ်းခင်းခြင်း၊ဆိုလာရေသန့်စင် စနစ်တပ်ဆင်ခြင်းနှင့် ဂါလံ(၁၀၀၀)ဆံ့ အုတ်ရေကန်တည်ဆောက်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီးမှုအား ကွင်းဆင်းစစ်ဆေးခြင်း
ဝမ်းတွင်း ဇန်နဝါရီလ ၁၅
ဝမ်းတွင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ ခုဘဏ္ဍာရေး နှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (VDP)ဖြင့် ဆင်ချီတိုင်အုပ်စု၊ ဆားတောင်ကျေးရွာ၊ ဗြင်ကြီးအုပ်စု၊ ကျွဲတပ်ကျေးရွာ၊ ရာသင်္ချာအုပ်စု၊ ရာသင်္ချာကျေးရွာ၊ တောင်ဘိုအုပ်စု၊ တောင်ဘို ကျေးရွာ၊ ရွှေတောင်အုပ်စု၊ ရွှေဂံကျေးရွာ၊ ထီးလှိုင်အုပ်စု၊ ထီးလှိုင်(န) ကျေးရွာတို့တွင် နိုင်ငံတော် ထောက်ပံ့ငွေ(၁၅)သန်း၊ ပြည်သူထည့်ဝင်ငွေ (၄.၅)သန်းဖြင့်အကောင်အထည်ဖော်ဆောင်ရွက်လျှက် ရှိပါသည်။
ယခုအခါ တောင်ဘိုအုပ်စု၊တောင်ဘိုကျေးရွာတို့တွင်(VDP)စီမံကိန်းအား နိုင်ငံတော်ထောက်ပံ့ ငွေ(၁၅)သန်း ပြည်သူထည့်ဝင်ငွေ(၄.၅)သန်း စုစုပေါင်း(၁၉.၅)သန်းဖြင့် ကျေးရွာတွင်း ကွန်ကရစ်လမ်း ခင်း ခြင်း(၅၅၀¢x၁၂¢x၀¢-၆²)၊ ဆိုလာရေသန့်စင်စနစ်တပ်ဆင်ခြင်းနှင့် ဂါလံ(၁၀၀၀)ဆံ အုတ်ရေကန် တည်ဆောက်ခြင်းလုပ်ငန်းတို့မှာ (၁၀၀%)ဆောင်ရွက်ပြီးဖြစ်ပါသည်။ အဆိုပါလုပ်ငန်းဆောင်ရွက် ပြီးစီးမှု အခြေအနေများအား မိတ္ထီလာခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်မြင့်ဝင်းနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။