Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

သာစည်မြို့နယ် ကြက်မောက်ကျေးရွာ၌ ကျေးရွာတွင်းကွန်ကရစ်လမ်းဆောင်ရွက်နေမှုအားကွင်းဆင်းခြင်း

15 January 24

သာစည်မြို့နယ် ကြက်မောက်ကျေးရွာ၌ ကျေးရွာတွင်းကွန်ကရစ်လမ်းဆောင်ရွက်နေမှုအားကွင်းဆင်းခြင်း

သာစည် ဇန်နဝါရီလ ၁၅

           မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ခုဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင် ရွက်သော ခေတ်မီစံပြကျေးရွာထူထောင်ခြင်းစီမံကိန်း (Smart Village) ကျေးရွာဖြစ် သော ကြက်မောက်ကျေးရွာတွင် ကျေးရွာတွင်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင် ရွက်နေမှုအား  တာဝန်ရှိသူများကွင်းဆင်းကြည့်ရှု့ စစ်ဆေးခဲ့ပါသည်။

            ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ခေတ်မီစံပြကျေးရွာထူထောင်ခြင်းစီမံကိန်း (Smart Village) ကျေးရွာဖြစ်သော ကြက်မောက်ကျေးရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်သည့် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးလုပ်ငန်းဖြစ်သော ကျေးရွာအတွင်း ကွန်ကရစ်လမ်းခင်းခြင်း(၇၅၀’x၁၂’x၆”)လုပ်ငန်း ဆောင်ရွက်နေမှုအား မြို့နယ်ဦးစီးမှူးနှင့်မြို့နယ်တာဝန်ခံအင်ဂျင်နီယာမှ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။