Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

မလှိုင်မြို့နယ် ရေငံ(ရွာသစ်)ကျေးရွာ၌ မြစိမ်းရောင်အရင်းငွေထုတ်ချေးခြင်း

15 January 24

မလှိုင်မြို့နယ် ရေငံ(ရွာသစ်)ကျေးရွာ၌ မြစိမ်းရောင်အရင်းငွေထုတ်ချေးခြင်း

မလှိုင်  ဇန်နဝါရီလ ၁၅

          မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ရေငံကျေးရွာအုပ်စု၊ ရေငံ(ရွာသစ်)ရွာတွင် မြစိမ်းရောင်ကျေးရွာ စီမံကိန်း လည်ပတ်ရန်ပုံငွေ အရင်းပြန်လည်ထုတ်ချေးခြင်းအား ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မလှိုင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်စုစု၊ ဦးစီးအရာရှိ ဒေါ်အေးမိုးခိုင်နှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းများက ကျေးရွာကော်မတီဝင်များနှင့်အတူ ရေငံကျေးရွာအုပ်စု၊ ရေငံ(ရွာသစ်)ရွာအား စိုက်ပျိုးရေး လုပ်ငန်းဖြင့် (၃၆)ဦး၊ ထုတ်ချေးငွေ(၁၈.၅)သန်း၊ မွေးမြူရေး(၄၅)ဦးဖြင့် (၁၉.၄)သန်း၊ အရောင်းအဝယ်လုပ်ငန်းဖြင့်(၁၈)ဦး ထုတ်ချေးငွေ (၁၉.၅၅)သန်း၊ စုစုပေါင်းဦးရေ(၉၉)အား (၄၇.၄၅)သန်း ထုတ်ချေးပေးထားမှု အခြေအနေများအား ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။