Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

မြန်အောင်မြို့နယ်၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း လုပ်ငန်းများ ဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး

12 January 24

ဧရာဝတီတိုင်းဒေသကြီး မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၃ခု ဘဏ္ဍာနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်းရန်ပုံငွေဖြင့် လဟာပေါက်ကျေးရွာအုပ်စု၊ ပေကုန်းကျေးရွာ၊ တာခွတဲကြီးကုန်းကျေးရွာအုပ်စု၊ ကောင်းမြတ်တောကျေးရွာ၊ ဆယ်ရွာကျေးရွာအုပ်စု၊ ရိုးဇောင်းကျေးရွာ၊ ဆန်နီချောင်ကျေးရွာအုပ်စု၊ ဆန်နီချောင်ကျေးရွာများတွင် ကျေးရွာတွင်းလမ်း ကွန်ကရစ်ဘောင်ခတ် ချောင်းကျောက်ခင်းခြင်းလုပ်ငန်းများအား ဇန်နဝါရီလ ၈ရက် နေ့လယ်ပိုင်းတွင် မြန်အောင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ(နည်းပညာ)နှင့် တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြန်အောင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ(နည်းပညာ) ဦးမြတ်သူနှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းများ၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း လုပ်ငန်း အဖွဲ့များနှင့်အတူ ကျေးရွာတွင်းလမ်း ကွန်ကရစ်ဘောင်ခတ် ချောင်းကျောက်ခင်းခြင်းလုပ်ငန်းများအား တိုင်းတာစစ်ဆေးခဲ့ပြီးနောက်  ဦးစီးအရာရှိ(နည်းပညာ) ဦးမြတ်သူမှ လမ်းရေရှည် အသုံးပြုနိုင်ရေးအတွက် လည်ပတ်ပြုပြင်ထိန်းသိမ်းရမည့် နည်းလမ်းများအား အကြံပြုမှာ ကြားခဲ့သည်။

          ယခု ဘဏ္ဍာရေးနှစ် ၂၀၂၃-၂၀၂၄ခုနှစ်တွင် မြန်အောင်မြို့နယ်အတွင်း ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်းဖြင့် ကျေးရွာပေါင်း (၁၀)ရွာတွင် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ရာနှုန်းပြည့်ပြီးစီးပါက အိမ်ထောင်စု ၁၅၁၇စု၊ လူဦးရေ ၅၈၀၄ဦးတို့၏ ကျန်းမာရေး၊ လူမှုရေး၊ ပညာရေး၊ စီးပွားရေးလုပ်ငန်းများအား ဖွံ့ဖြိုးတိုးတက် လာမည်ဖြစ်ကြောင်း သိရသည်။