Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

သန်လျင်မြို့နယ် ကျေးလက်ရေပေးရေးဆောင်ရွက်ပေးလျက်ရှိ

10 January 24

သန်လျင်ခရိုင် သန်လျင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေဖြင့် ကဒတ်ဖြာကျေးရွာတွင် ကျေးလက်ရေပေးရေး လုပ်ငန်းများဖြစ်သောစက်ရေတွင်း၊ ရေစက်ရုံ၊ အမြင့်တင်ရေစင်၊ ရေပိုက်သွယ်တန်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ အဆိုပါလုပ်ငန်းများအား ယနေ့နံနက်တွင် သန်လျင်မြို့နယ်ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဒေါ်မြတ်မြတ်မော်၊ တာဝန်ခံအင်ဂျင်နီယာနှင့် တာဝန်ရှိ သူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီးလုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး တာဝန်ယူဆောင်ရွက်လျက်ရှိသည့်ကုမ္ပဏီမှ တာဝန်ရှိသူများအား ဆွေးနွေးမှာကြားသည်။

          သန်လျင်မြို့နယ် ကဒတ်ဖြာကျေးရွာသည် ရေရှားပါးသောကျေးရွာတစ်ရွာဖြစ်ပြီး ယခုကဲ့သို့ ဆောင်ရွက်ပေးခြင်းကြောင့် ကျေးရွာနေပြည်သူများ၏နေအိမ်အရောက် ရေတိုင်စနစ်ဖြင့် သန့်ရှင်းစွာ အသုံးပြုနိုင်တော့မည်ဖြစ်၍ အထူးဝမ်းမြောက်မိကြောင်း ကျေးရွာပြည်သူတစ်ဦးက ပြောသည်။