Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

သန်လျင်မြို့နယ် VDPစီမံကိန်းဖြင့် ဆောင်ရွက်သည့် လုပ်ငန်းများ ချပြရှင်းလင်းခြင်းနှင့်လုပ်ငန်း လွှဲပြောင်းခြင်း အခမ်းအနားကျင်း

10 January 24

ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သန်လျင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ၂၀၂၃-၂၀၂၄ဘဏ္ဍာနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော ကရင်ဆိပ် ကျေးရွာနှင့် ကျောင်းကန်ကွင်းကျေးရွာတို့၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့် ဆောင်ရွက်သည့် လုပ်ငန်းများချပြရှင်းလင်းခြင်းနှင့် လုပ်ငန်းများလွှဲပြောင်းခြင်း အခမ်းအနားကို ဇန်နဝါရီလ ၅ရက်က အဆိုပါကျေးရွာ၌ ကျင်းပသည်။

          ရှေးဦးစွာသန်လျင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနဦးစီးမှူး ဒေါ်မြတ်မြတ်မော်က အဖွင့်အမှာစကားပြောကြားရာတွင် ကျေးရွာသူ/သားများအနေဖြင့် လုပ်ငန်းများရေရှည်အသုံးပြုနိုင်စေရေး စနစ်တကျထိန်းသိမ်းစောင့်ရှောက်ကြရန် ပြောကြားသည်။

            ဆက်လက်၍ သန်လျင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနဦးစီးမှူးနှင့်တာဝန်ရှိသူ များကကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းဖြင့် ဆောင်ရွက်သည့် ကျေးရွာနှစ်ရွာမှ ကော်မတီဝင်များထံ  လုပ်ငန်းလွှဲပြောင်းမှတ်တမ်းလွှာများ ပေးအပ်သည်။

            အဆိုပါကျေးရွာများဖြစ်သည့် ကရင်ဆိပ်ကျေးရွာအုပ်စု၊ကရင်ဆိပ်ကျေးရွာ၌ ကျေးရွာစာကြည့်တိုက် တည်ဆောက်ခြင်းလုပ်ငန်း အလျားပေ ၅၀၊အနံပေ ၂၀၊အမြင့် ၁၀ပေကို စီမံကိန်းရန်ပုံငွေ ငွေကျပ် ၁၅သန်း၊ ပြည်သူထည့်ဝင်ငွေ ငွေကျပ်၅ဒသမ ၆သန်းစုစုပေါင်းငွေကျပ် ၂၀ဒသမ၆သန်း၊လက်ယက်စမ်းကျေးရွာအုပ်စု၊ ကျောင်းကန်ကွင်းကျေးရွာ ဦးသာဆယ်လမ်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း  အရှည်ပေ ၇၂၀၊အကျယ် ၁၀ပေ၊ထု ၆လက်မကို စီမံကိန်းရန်ပုံငွေကျပ် ၁၅သန်း၊ပြည်သူ့ထည့်ဝင်ငွေကျပ် ၂ဒသမ၄သန်း၊စုစုပေါင်း ငွေကျပ် ၁၇ဒသမ၄သန်းဖြင့် ၂၀၂၃ခုနှစ် အောက်တိုဘာလပထမအပတ်မှ စတင်ဆောင်ရွက်ခဲ့ရာ လက်ရှိတွင် ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။