Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

မိုးကောင်းမြို့နယ်မြို့ဟောင်းကျေးရွာ၌ ဘက်စုံသုံးခန်းမတည်ဆောက်နေမှုစစ်ဆေး (၃၀.၁၂.၂၀၂၃)ရက်နေ့ထုတ်ရတနာပုံသတင်းစာ (၃၁.၁၂.၂၀၂၃)ရက်နေ့ထုတ်မြဝတီသတင်းစာ (၃၀.၁၂.၂၀၂၃)ရက်နေ့ထုတ် မြို့တော်သတင်းစာ

31 December 23

မိုးကောင်းမြို့နယ်မြို့ဟောင်းကျေးရွာ၌ ဘက်စုံသုံးခန်းမတည်ဆောက်နေမှုစစ်ဆေး (၃၀.၁၂.၂၀၂၃)ရက်နေ့ထုတ်ရတနာပုံသတင်းစာ   (၃၁.၁၂.၂၀၂၃)ရက်နေ့ထုတ်မြဝတီသတင်းစာ  

မိုးကောင်း၊ ဒီဇင်ဘာ ၃၀

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြို့ဟောင်းကျေးရွာ၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းVDP ရန်ပုံငွေနှင့် မြစိမ်းရောင်ကျေးရွာစီမံကိန်းအတိုးရငွေတို့ဖြင့်ဆောင်ရွက်သည့် ကျေးရွာဘက်စုံသုံး ခန်းမတည်ဆောက်နေမှုကို ဒီဇင်ဘာ ၂၉ရက် နံနက်ပိုင်းက တာဝန်ရှိသူများကွင်းဆင်း စစ်ဆေးခဲ့ သည်။

  ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင်မိုးကောင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်မေဝင်းက တာဝန်ရှိသူများနှင့်အတူ မြို့‌ဟောင်းကျေးရွာ၌ ကျေးရွာဘက်စုံ သုံးခန်းမ တည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး မြို့နယ်ဦးစီးမှူးက ကျေးရွာဖွံ့ဖြိုးရေး ကော်မတီဝင်များနှင့် တွေ့ဆုံကာ လုပ်ငန်းများကို သတ်မှတ်စံချိန်းစံညွှန်းများနှင့် အညီ အချိန်မီ ပြည့်မီအောင် ဆောင်ရွက် ကြရန်နှင့် ဆောင်ရွက်ပြီးစီးပါကလည်းရေရှည်တည်တံ့ခိုင်မြဲအောင် ထိန်းသိမ်းစောင့်ရှောက်ကြရန်ဆွေးနွေးမှာကြားသည်။

မြို့ဟောင်းကျေးရွာ၌အလျားပေ ၆၀၊ အနံပေ ၃၀၊အမြင့် ၁၂ပေရှိ ကျေးရွာဘက်စုံသုံး ခန်းမတည် ဆောက်ခြင်းလုပ်ငန်းကို ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းVDP ရန်ပုံငွေ ကျပ် သိန်း ၁၅၀ နှင့် မြစိမ်းရောင်ကျေးရွာစီမံကိန်းအတိုးရငွေကျပ် သိန်း ၁၁၀ အသုံးပြု၍ မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနဝန်ထမ်းများကနည်းပညာပံ့ပိုးမှုဖြင့်ကျေးရွာသူ၊ကျေးရွာသား များကိုယ်တိုင်  ယခုနှစ်စက်တင်ဘာ တတိယပတ်မှစတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ ၆၅ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း အဆိုပါလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက မြို့ဟောင်း ကျေးရွာရှိကျေးလက်နေပြည်သူများအတွက် ရပ်ရေးရွာရေးကိစ္စရပ်များ သိရသည်။ကျန်းမာရေး၊ ပညာရေးနှင့်အခြားလူမှုရေးကိစ္စရပ်များ ဆောင်ရွက်ရာတွင် အဆင်ပြေမည်ဖြစ်ကြောင်း မိုးကောင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်မေဝင်းထံ မှ သိရသည်။

 (၃၀.၁၂.၂၀၂၃)ရက်နေ့ရတနာပုံသတင်းစာ စာမျက်နှာ(၃၀)ကော်လံ(၅/၆)တွင် လည်းကောင်း၊ (၃၁.၁၂.၂၀၂၃)ရက်နေ့မြဝတီသတင်းစာ စာမျက်နှာ(၂)ကော်လံ(၄/၅/၆)တွင်လည်းကောင်း (၃၀.၁၂.၂၀၂၃)ရက်နေ့ထုတ် မြို့တော်သတင်းစာ စာမျက်နှာ (၈)ကော်လံ(၄/၅/၆)တွင် လည်းကောင်း၊ပါရှိသည်။