မိုးကောင်းမြို့နယ်အထက်ရေရှင်ကျေးရွာတွင် VDP စီမံကိန်းဖြင့်ကျေးရွာတွင်း တံတားလုပ်ငန်း ဆောင်ရွက်နေမှုကွင်းဆင်းစစ်ဆေး (၂၉.၁၂.၂၀၂၃)ရက်နေ့ မြဝတီရုပ်မြင်သံကြားသတင်း)
မိုးကောင်း၊ဒီဇင်ဘာ ၂၉
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းVDP ရန်ပုံငွေဖြင့် ရေရှင် ကျေးရွာအုပ်စု အထက်ရေရှင်ကျေးရွာတွင် ကျေးရွာတွင်း တံတားတည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ဒီဇင်ဘာ ၂၉ ရက် နံနက်ပိုင်းက ကွင်းဆင်း စစ်ဆေးခဲ့ကြောင်းသိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင်မိုးကောင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်မေဝင်း၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းတာဝန်ခံတို့နှင့်အတူ ရေရှင်ကျေးရွာတွင် ကျေးရွာတွင်းတံတားတည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှု စစ်ဆေးပြီးမြို့နယ်ဦးစီးမှူးက ကျေးရွာကော်မတီဝင်များနှင့် တွေ့ဆုံ ကာ လုပ်ငန်းများသတ်မှတ် စံချိန်းစံညွှန်းများနှင့်အညီ အရည်အသွေးပြည့်မီရေး ဆောင်ရွက် ကြရန်ဆွေးနွေးမှာကြားသည်။
အထက်ရေရှင်ကျေးရွာ၌ ကွန်ကရစ်တံတားအား အရှည် ၁၀ပေ၊ အကျယ် ၁၈ ပေ၊အမြင့် ၅ ပေရှိ ကွန်ကရစ်တည်ဆောက်ခြင်းလုပ်ငန်းကို စီမံကိန်းပံ့ပိုးရန်ပုံငွေ ကျပ် သိန်း ၁၅၀ ၊ပြည်သူထည့်ဝင် ငွေ ၄၃ သိန်း စုစုပေါင်း၁၉၃ သိန်းဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနဝန်ထမ်း များ၏ နည်းပညာပံ့ပိုးကာ ကျေးရွာသူ/ကျေးရွာသားများကိုယ်တိုင် နိုဝင်ဘာလ ဒုတိယပတ်က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်း၆၀ ရာခိုင်နှုန်း ပြီးစီး ပြီဖြစ်ကြောင်း မိုးကောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမြို့နယ်ဦးစီးမှူးဒေါ်ခင်မေဝင်းကပြောပြ၍သိရသည်။
(၂၉.၁၂.၂၀၂၃)ရက်နေ့ မြဝတီရုပ်မြင်သံကြားသတင်း တွင်ပါရှိသည်။