Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကြံခင်းမြို့နယ် သံပုရာကွင်းကျေးရွာ၌ ရေရရှိရေးလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအား ကွင်းဆင်းစစ်ဆေး

09 January 24

ဇန်နဝါရီ ၉ ရက်

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ သန့်ရှင်းသော သောက်သုံးရေ ရရှိစေရန်နှင့် နွေရာသီရေရှားပါးပြတ်လပ်မှု မရှိစေရန် ရည်ရွယ်၍ ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ်တွင် အုတ်တွင်းကျေးရွာအုပ်စု၊ သံပုရာကွင်းကျေးရွာ၌ တွင်းနက်(၄.၅ Ø ၃၄၀')၊ ရေစက်ရုံ (၅'x၅'x၇')၊ ခြံစည်းရိုး(၃၀'x၃၀'x၅')၊ ရေပိုက်သွယ် (၂" Ø ၈၀') အား ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ (၁၆.၀၀) ကျပ်သန်းဖြင့် ဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ခဲ့ရာ လုပ်ငန်း(၁၀၀%)ဆောင်ရွက်ပြီးစီးမှုအခြေအနေအား မြို့နယ်ဦးစီးမှူး ဦးယဉ်မင်းဦးနှင့် တာဝန်ခံဝန်ထမ်းများမှ (၀၈.၀၁.၂၀၂၄)ရက်နေ့တွင် ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။