Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ပုသိမ်မြို့နယ် စိုင်ခြံကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း လုပ်ငန်းများအား ကွင်းဆင်း စစ်ဆေးခြင်း

08 January 24

ပုသိမ်  ဇန်နဝါရီလ ၈

 

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြစိမ်းရောင် ကျေးရွာစီမံကိန်းဝင် ကျေးရွာဖြစ်သည့် စိုင်ခြံ မြစိမ်းရောင်ကျေးရွာစီမံကိန်း လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးမှုကို ဇန်နဝါရီလ (၈)ရက်နေ့ နံနက်ပိုင်းက အဆိုပါကျေးရွာသို့ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်း စစ်ဆေးရာတွင် ပုသိမ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန  ဦးစီးအရာရှိ ဒေါ်ဝါဝါက ကျေးလက်အိမ်ထောင်စုများအနေဖြင့် ကျေးရွာသို့ မတည်ထူထောင် ပေးထားသော အရင်းမပျောက်မတည် ရန်ပုံငွေအားရယူ၍ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်း၊ အရောင်းအဝယ် လုပ်ငန်းနှင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ မြေပြင်တွင် အမှန်တကယ် ဆောင်ရွက်နေမှု ရှိ/မရှိအား   ဦးစီးအရာရှိနှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းက ကျေးရွာမြစိမ်းရောင် လုပ်ငန်းအဖွဲ့ဝင်များ နှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြပါကြောင်း ပုသိမ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ  ဦးစီးအရာရှိ ဒေါ်ဝါဝါက ပြောပြ၍ သိရသည်။