သာစည်မြို့နယ် အင်းကုန်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေ ပဥ္စမအကြိမ်ထုတ်ချေးပေး
သာစည် ဇန်နဝါရီ ၈ ရက်
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ၂၀၁၈-၂၀၁၉ခုဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်သော မြစိမ်းရောင်ကျေးရွာစီမံကိန်းဝင် အင်းကုန်းကျေးရွာ၏ ပဥ္စမအကြိမ် မြှောက်အရင်းမပျောက် လည်ပတ်ရန်ပုံငွေထုတ်ချေးရာတွင် တာဝန်ရှိသူများကွင်းဆင်း ကြည့်ရှု့စစ်ဆေးခဲ့ပါသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် သာစည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိသော မြစိမ်းရောင်ကျေးရွာ စီမံကိန်းဖြင့် အင်းကုန်းကျေးရွာအုပ်စု၊ အင်းကုန်းကျေးရွာသည် ၂၀၁၈-၂၀၁၉မှ၂၀၂၃-၂၀၂၄ထိ အကောင် အထည်ဖော် ဆောင်ရွက်လျှက်ရှိရာ ယခုအခါ စိုက်ပျိုးရေး(၇၇)ဦး ထုတ်ချေးငွေ ကျပ်(၂၁၅၀၀၀၀၀)၊ ရောင်းဝယ်ရေး(၅၃)ဦးထုတ်ချေး ငွေကျပ် (၁၃၈၅၀၀၀၀) ၊မွေးမြူရေး (၄၁)ဦး ထုတ်ချေးငွေ(၉၉၀၀၀၀၀) စုစုပေါင်း အသင်းသား/ အသင်းသူ (၁၇၁)ဦးအတွက် ထုတ်ချေးငွေကျပ်(၄၅၂၅၀၀၀၀)ဖြင့် ရန်ပုံငွေဆက်လက် လည်ပတ်ဆောင်ရွက် နိုင်ရန်မြို့နယ် တာဝန်ရှိသူများမှ ၎င်းကျေးရွာသို့ (၂၉.၁၂.၂၀၂၃) ရက်နေ့တွင် တစ်ဦးချင်းချေးငွေ ပြန်လည်ထုတ်ချေးပေးမှု အခြေအနေအား ကွင်းဆင်း ကြီးကြပ်ခဲ့ပါသည်။