ဝမ်းတွင်းမြို့နယ်၌ မြစိမ်းရောင်စီမံကိန်းရန်ပုံငွေဖြင့် တစ်ပိုင်တစ်နိုင်စိုက်ပျိုးရေး၊ မွေးမြူရေး၊အရောင်အဝယ်လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး
ဝမ်းတွင်း ဇန်နဝါရီလ ၈ ရက်
မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ်အတွင်းရှိ ကုန်းကြီးကျေးရွာအုပ်စု၊ ကုန်ကြီးကျေးရွာ တွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေး၊ မွေးမြူးရေးနှင့် အရောင်းအဝယ်လုပ်ငန်းများ ရေရှည်တည်တံ့ စေရန် မြစိမ်းရောင်ကျေးရွာစီမံကိန်း ဆောင်ရွက်လျက်ရှိသည်။
ယင်းသို့ဆောင်ရွက်လျက်ရှိရာ နွားနန်းကျေးရွာတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မှ စတင်၍ ဆောင်ရွက်ခဲ့ရာ ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ်တွင် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ (၁၁၂)ဦး၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ (၅၆)ဦး၊ အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ (၁)ဦး တို့အတွက် မြစိမ်းရောင်စီမံကိန်းရန်ပုံငွေ ၃၄.၁သန်းကို ထုတ်ချေးပေးခဲ့ပြီး စီမံကိန်းလုပ်ငန်းများ ဆောင်ရွက် လျက်ရှိသည်။
အဆိုပါ မြစိမ်းရောင်စီမံကိန်းဖြင့် ဆောင်ရွက်လျက်ရှိသည့် ကုန်းကြီးကျေးရွာတွင် စီမံကိန်း လုပ်ငန်းများနှင့် ငွေစာရင်းထိန်းသိမ်းမှုပုံစံများအား မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ မြို့နယ်ဦးစီးမှူး ဦးဝင်းနိုင်ဦးနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။