Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

စဉ့်ကူးမြို့နယ် ပင်လယ်ကြီးကျေးရွာ၌ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ပြီးစီးမှုစစ်ဆေး

08 January 24

စဉ့်ကူးမြို့နယ် ပင်လယ်ကြီးကျေးရွာ၌ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ပြီးစီးမှုစစ်ဆေး        

စဉ့်ကူး  ဇန်နဝါရီလ  ၈  ရက်

          မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင် စဉ့်ကူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ပင်လယ်ကြီးကျေးရွာ၌ ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်း ဆောင်ရွက်ပြီးစီးမှုကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် သပိတ်ကျင်းခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးကျော်စိုး၊ စဉ့်ကူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမြသိန်းဝင်းနှင့် VDPစီမံကိန်းတာဝန်ခံများက ပင်လယ်ကြီးကျေးရွာ၌ ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်း ဆောင်ရွက်ပြီးစီးမှုကိုကြည့်ရှု စစ်ဆေးပြီး ခရိုင်ဦးစီးမှူးကကျေးရွာ ကော်မတီဝင်များနှင့် တွေ့ဆုံကာ ဆောင်ရွက်ပြီးစီးခဲ့သည့်ဖွံ့ဖြိုးရေးလုပ်ငန်းများ ရေရှည်တည်တံ့ ခိုင်မြဲရေးဝိုင်ဝန်းထိန်းသိမ်း ကြရန် ဆွေးနွေးမှာကြားသည်။

          ပင်လယ်ကြီးကျေးရွာ၌ အလျားပေ ၇၈၀၊ အနံ ၁၂ပေ၊ အမြင့် ခြောက်လက်မရှိ ကွန်ကရစ် လမ်းခင်းခြင်းလုပ်ငန်းကို ၂၀၂၃-၂၀၂၄ဘဏ္ဍာနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း(VDP) ပံ့ပိုးရန်ပုံငွေကျပ် ၁၅ သန်း၊ ကျေးရွာလူထုထည့်ဝင်ငွေကျပ် ၇ဒသမ ၂၂၄ သန်း အသုံးပြု၍ မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဝန်ထမ်းများ၏ နည်းပညာပံ့ပိုးကူညီမှုဖြင့် ကျေးရွာလူထု ကိုယ်တိုင် ၂၀၂၃ခုနှစ် အောက်တိုဘာလ ဒုတိယပတ်က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း စဉ့်ကူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမြသိန်းဝင်းထံမှ သိရသည်။