သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်ဒေသများတွင် ကျွမ်းကျင်လုပ်သားလိုအပ်ချက်ကို အထောက်အကူပြုဖြည့်ဆည်းနိုင်စေရန် အသက်မွေးဝမ်းကျောင်းသင်တန်းများ၊ စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းများကို ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိရာ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကမာဖရံကျေးရွာအုပ်စု၊ ကမာဖရံကျေးရွာတွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဗေဒါမှထွက်ရှိပစ္စည်းဖြင့် လူသုံးကုန်ပစ္စည်းထုတ်လုပ်ခြင်းသင်တန်းကို (၂၄-၁၂-၂၀၂၃)ရက်နေ့မှ (၂-၁-၂၀၂၃)ရက်နေ့ထိ (၁၀)ရက်ကြာ သင်တန်းသူ (၂၀)ဦးဖြင့် ဖွင့်လှစ်ခဲ့ရာ သင်တန်းဆင်းပွဲအခမ်းအနားကို (၂-၁-၂၀၂၃)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါအခမ်းအနားသို့ ပဲခူးခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဆန်းမင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဇော်လင်းထက်တို့ တက်ရောက်ခဲ့ကြပြီး ခရိုင်ဦးစီးမှူးက သင်တန်းဆင်းအမှာစကားပြောကြားခဲ့ပြီး ထူးချွန်ဆုရရှိခဲ့သည့် သင်တန်းသူများသို့ ဆုချီးမြှင့် ပေးအပ်ခဲ့ကြောင်း သိရသည်။