(၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကို ၂၀၂၄ခု၊ ဇန်နဝါရီလ(၃)ရက်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ် မီးသွေးဖုတ်ကျေးရွာ၌ကျင်းပခဲ့ရာ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးတင်စိုးက စီမံကိန်းလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ကျေးရွာဖွံ့ဖြိုးရေးကော်မတီ ဉက္ကဌ ဦးအောင်စိုးဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ ကွန်ကရစ်လမ်းသစ်ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဌဦးဖြိုးအောင်ကြည်၊ ဆပ်သွာတောကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျင်အေး နှင့် မီးသွေးဖုတ်ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းကော်မတီဝင် ဦးနိုင်ဝင်းတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ကြပြီး မှော်ဘီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဌဦးမြင့်နိုင်နှင့် တာဝန်ရှိသူများက လှည့်လည် ကြည့်ရှုစစ်ဆေး ခဲ့သည်။ ကွန်ကရစ်လမ်းကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ခု၊ ဘဏ္ဍာရေး နှစ်ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း(VDP) ရန်ပုံငွေကျပ်သိန်း(၁၅၀)၊ ပြည်သူထည့် ဝင်ငွေ(၁၀)သိန်း၊ စုစုပေါင်းကျပ်သိန်း(၁၆၀)ဖြင့် လမ်းအရှည်(၇၄၄)ပေ၊ အကျယ် ရှစ်ပေ၊ ခြောက်လက်မ ဒု ဖြင့်အကောင် အထည်ဖော်ဆောင်ရွက်ပြီး ကွန်ကရစ်လမ်းဆောင်ရွက်ပေးခြင်းဖြင့် ကျေးရွာနေအိမ်ခြေ (၁၈၀)ရှိ ကျေးလက်နေပြည်သူ(၇၅၀)တို့ ရာသီမရွေးသွားလာအသုံးပြုနိုင်မည် ဖြစ်သည်။