ရန်ကုန်၊ ဇန်နဝါရီလ၊ (၂)ရက်၊ (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကွန်ကရစ်လမ်းဖွင့်ပွဲကို ဇန်နဝါရီလ (၂)ရက်နေ့နံနံက်ပိုင်းကရန်ကုန်တိုင်းဒေသကြီး၊ ကွမ်းခြံကုန်းမြို့ နယ်၊ တော်ခရမ်းအနောက်ကျေးရွာအုပ်စု၊ ဆိပ်ကြီးကျေးရွာတွင်ကျင်းပပြုလုပ်သည် ဦးစွာ ကွမ်းခြံကုန်း မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးကျော်ထွန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကျေးရွာ အုပ်ချုပ် ရေးမှူး ဦးဌေးလွင်က ကျေးဇူးတင်စကားများပြန်လည်ပြောကြားသည်။
ထို့နောက် ကွန်ကရစ်လမ်းသစ်အား မြို့နယ်လုံခြုံရေးတာဝန်ခံ ဒုတိယဗိုလ်မှူးကြီးရဲကျော်သူ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ထွန်း နှင့်ကျေးရွာအုပ်ချုပ်ရေးမှူးတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး ဒုတိယဗိုလ်မှူးကြီးရဲကျော်သူ၊ တွံတေးခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးကတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီး မှူး ဦးနေဝင်းနှင့်တာဝန်ရှိသူများက ကွန်ကရစ်လမ်းကို လှည့်လည်ကြည့်ရှူစစ်ဆေးသည်။
အဆိုပါကွန်ကရစ်လမ်းကိုကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ (၂၀၂၃- ၂၀၂၄)ခု ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ရန်ပုံငွေကျပ် (၁၅)သန်း၊ ပြည်သူ့ ထည့်ဝင်ငွေကျပ် (၁.၆)သန်း စုစုပေါင်း (၁၆.၆)သန်း ဖြင့်လမ်းအရှည် (၅၆၀)ပေ၊ အကျယ် (၁၂)ပေ၊ (၆)လက်မထုဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး ကွန်ကရစ်လမ်းဆောင်ရွက်ပေး ခြင်းဖြင့် ကျေးလက်နေပြည်သူများ၏ အလုပ်အကိုင်အခွင့်အလမ်းများနှင့်လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက် လာစေမည်ဖြစ်ကြောင်းလည်းသိရသည်။