Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ဆင်ပေါင်ဝဲမြို့နယ် အင်းပက်လက်ကျေးရွာတွင်းလမ်း မြေနီကျောက်စရစ်ခင်းခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှု ကွင်းဆင်းစစ်ဆေး

03 January 24

ဆင်ပေါင်ဝဲ     ဇန်နဝါရီ      ၃

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင် ကျေး လက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဆင်ပေါင်ဝဲမြို့နယ်၊ ချောင်းကောက်ကျေးရွာအုပ်စု၊ အင်းပက်လက်ကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့် ရွာတွင်းလမ်းမြေနီကျောက်စရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုကို တာဝန်ရှိသူများက ယနေ့ နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် အောင်လံခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်မြင့်မြင့်အေး၊ ဆင်ပေါင်ဝဲမြို့နယ်ဦးစီးမှူး ဦးကျော်ဇေယျ နှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းများသည် ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်များနှင့်အတူ အင်းပက်လက်ကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့် ကျေးရွာတွင်းလမ်းအရှည် ၇၅၀၀ ပေ လမ်းအကျယ် ၁၂ ပေ လမ်းအမြင့် ၆ လက်မ မြေနီကျောက်စရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး ခရိုင်ဦးစီးမှူးက ကျေးရွာသူကျေးရွာသားများနှင့် တွေ့ဆုံ၍ မြေနီကျောက်စရစ်လမ်း ရေရှည်အသုံးပြုနိုင်ရေး ဝိုင်းဝန်းထိန်းသိမ်းကြရန်မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါကျေးရွာတွင်းလမ်း မြေနီကျောက် စရစ်ခင်းခြင်းလုပ်ငန်းကို ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ထောက်ပံ့ငွေကျပ် ၁၅ သန်းနှင့် ပြည်သူထည့်ဝင်ငွေကျပ် သုည ဒသမ ၉၂ သန်းတို့ဖြင့် ဆင်ပေါင်ဝဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ အင်ဂျင်နီယာဝန်ထမ်းများ၏ နည်းပညာပံ့ပိုးမှု၊ အနီးကပ်ကြီးကြပ်မှု၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၏ စီမံခန့်ခွဲမှုဖြင့် ကျေးရွာသူကျေးရွာသားများကိုယ်တိုင် ၂၀၂၃ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့က စတင်ဆောင်ရွင်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်ကြောင်း အောင်လံခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။