Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အကြိုလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

02 January 24

ဇန်နဝါရီလ ၂ ရက်၊ ၂၀၂၄။
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ဒုတိယလေးလပတ် အကြိုလုပ်ငန်းညှိနှိုင်း အစည်းအ​ဝေးကို (၂-၁-၂၀၂၄)ရင်နေ့၊ နံနက် (၀၉:၃၀)နာရီအချိန်တွင် ရုံးအမှတ်(၃၆-B) အစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ  ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်က လုပ်ငန်းလမ်းညွှန်အမှာစကား ပြောကြားသည်။ ဆက်လက်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန  တိုင်းဒေသကြီး/ပြည်နယ် ဦးစီးမှူးများက လုပ်ငန်းများဆောင်ရွက်ပြီးစီးမှုများ၊ ဆောင်ရွက်ဆဲလုပ်ငန်းများနှင့် လုပ်ငန်းလိုအပ်ချက်များ၊ အခက်အခဲများအား တင်ပြ ဆွေးနွေးကြရာ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်နှင့် တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။