Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

တိုက်ကြီးမြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်မှုကွင်းဆင်းစစ်ဆေး

01 January 24

ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ၂၀၂၃-၂၀၂၄ခု၊ ဘဏ္ဍာရေးနှစ်အတွင်း ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းဖြင့် ဆောင်ရွက်ခဲ့သည့် တိုက်ကြီးမြို့နယ်၊ ချောင်းကျိုးကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်းကို နိုင်ငံတော်ထောက်ပံ့ရန်ပုံငွေ (၁၅) သန်း ပြည်သူထည့်ဝင်ငွေ (၃) သန်း စုစုပေါင်း ရန်ပုံငွေ (၁၈) သန်းဖြင့် ဆောင်ရွက်လျက်ရှိသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဖြစ်သည့် လမ်းအရှည်‌ ၇၃၀ ပေ၊ လမ်းအကျယ် ၁၀ ပေနှင့်အမြင့် ၆ လက်မရှိသည့် ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းအား ဒီဇင်ဘာ(၂၉)ရက် နံနက်ပိုင်းက တိုက်ကြီးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး၊ မြို့နယ်ဦးစီးမှူးနှင့် တာဝန်ခံ ဝန်ထမ်းများက  ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ကျေးရွာတာဝန်ခံများနှင့်တွေ့ဆုံ၍ သတ်မှတ်စံချိန် စံညွှန်းပြည့်မှီရေး၊ လမ်းရေရှည်တည်တံ့ ခိုင်မြဲရေးအတွက် ဝိုင်းဝန်းထိန်းသိမ်း ဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်းသိရသည်။