ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း တိုင်းဒေသကြီးခွင့်ပြုငွေ ငွေကျပ် ၂၇၄ဒသမ၄သန်းဖြင့် ဆောင်ရွက် လျက်ရှိသော ရုံးသပြေကန်ကျေးရွာ ကျေးလက်ကုန်ထုတ်(မြေ+ဂဝံ)လမ်းနှင့် Box Culvertနှစ်စင်း ဆောင်ရွက်နေမှုအား ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်စိုးစိုးမြင့်၊ မြို့နယ်ဦးစီးမှူး ဒေါ်မြတ်မြတ်မော်နှင့် တာဝန်ခံအင်ဂျင်နီယာများက ကွင်းဆင်းစစ်ဆေးကြကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ကျေးလက်ကုန်ထုတ်(မြေ+ဂဝံ)လမ်းနှင့် Box Culvertနှစ်စင်းဆောင်ရွက်နေမှုကိုကွင်းဆင်းစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေး သည်။
အဆိုပါ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို တင်ဒါအောင်မြင်သည့် ဟန်သီရိကုမ္ပဏီက တာဝန်ယူ တည်ဆောက်နေခြင်းဖြစ်ပြီးကျေးလက်ကုန်ထုတ်(မြေ+ဂဝံ)လမ်းမှာအရှည် ၁/၃ဒသမ၂၁မိုင် အကျယ် ၁၂ပေ၊ထု ၉လက်မရှိပြီး လက်ရှိတွင် ၅၀ရာခိုင်နှုန်းခန့် ပြီးစီးပြီဖြစ်ကြောင်း၊Box Culvertနှစ်စင်းမှာ ၈၀ ရာခိုင်နှုန်းခန့်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
အဆိုပါကျေးလက်ကုန်ထုတ်(မြေ+ဂဝံ)လမ်းနှင့်Box Culvert နှစ်စင်း တည်ဆောက်ပြီးစီးပါက ရုံးသပြေကန်ကျေးရွာ၊ဘော့သပြေကန်ကျေးရွာ၊လက်ပံကျေးရွာတို့ရှိ အိမ်ခြေ ၂၀၀၀၊အိမ်ထောင်စု ၂၂၀၅စု၊လူဦးရေ ၇၅၅၃ဦးတို့၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။