Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

မိုးညှင်းမြို့နယ်မြို့သစ်ကလေးကျေးရွာ၌ ကုန်ထုတ်လမ်းဆောင်ရွက်နေမှုစစ်ဆေး (၂၁.၁၂.၂၀၂၃)ရက်နေ့မြဝတီရုပ်မြင်သံကြားသတင်း

21 December 23

မိုးညှင်းမြို့နယ်မြို့သစ်ကလေးကျေးရွာ၌ ကုန်ထုတ်လမ်းဆောင်ရွက်နေမှုစစ်ဆေး  (၂၁.၁၂.၂၀၂၃)ရက်နေ့မြဝတီရုပ်မြင်သံကြားသတင်း

မိုးညှင်း၊ဒီဇင်ဘာ ၂၀

ကချင်ပြည်နယ်၊မိုးညှင်းခရိုင်၊မိုးညှင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃− ၂၀၂၄ ခု ဘဏ္ဍာရေးနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ ဖြင့်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော မြို့သစ်ကလေးကျေးရွာ၌ လယ်ယာကုန်ထုတ်လမ်း ဖောက်လုပ်နေမှုအခြေအနေများကို ဒီဇင်ဘာ  ၂၀  ရက်နံနက်ပိုင်းကတာဝန်ရှိသူများကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရ သည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မိုးညှင်းခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနဦးစီးမှူး ဦးထွန်းထွန်းဝင်း၊မြို့နယ်ဦးစီးမှူးဦးဌေးမြင့်နှင့်  တာဝန်ရှိသူများသည် ယခုဘဏ္ဍာရေးနှစ်၌ပြည်ထောင်စု ခွင့်ပြုရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော မြို့သစ်ကလေးကျေးရွာ လယ်ယာ ကုန်ထုတ်လုပ်ငန်းဖောက်လုပ်နေမှုအခြေအနေများအားသွားရောက်စစ်ဆေးကြရာ တော်ဝင်သိင်္ခ ကုမ္ပဏီ မှတာဝန်ခံဒေါ်ငယ်ငယ်ထွေးကလုပ်ငန်းများဆောင်ရွက်ထားရှိသည့်အစီအစဉ်များကိုရှင်းလင်းတင်ပြကာခရိုင်ဦးစီးမှူးက ယင်းလုပ်ငန်းများဆောင်ရွက်ရာတွင်သတ်မှတ်စံချိန်စံညွှန်း များနှင့်အညီ  အရည်အသွေး ပြည့်မီစွာဆောင်ရွက်ကြရန်၊လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးအလေးထားဆောင်ရွက်ရန်၊လုပ်ငန်းတိုး တက်မှုများအား ဓာတ်ပုံမှတ်တမ်းများဖြင့် အပတ်စဉ်ပေးပို့တင်ပြကြရန်နှင့်  သတ်မှတ်ချိန်ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေးအတွက်အလေးထားဆောင်ရွက်ကြရန် စသည်တို့ကို ဆွေးနွေးပြောကြားခဲ့သည်။

အဆိုပါမြို့သစ်ကလေးကျေးရွာလယ်ယာကုန်ထုတ်လမ်းသည် အရှည်(၄)ဖာလုံ၊ အကျယ် ၁၂ ပေ ၊ အမြင့် နှစ်ပေကိုးလက်မရှိ မြေသား သဲကျောက်ခင်းခြင်းလုပ်ငန်းနှင့် ရေပြွန်(၃)စင်းပါလုပ်ငန်းကို ယခုဘဏ္ဍာနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ် ၅၀ ဒသမ ၃၈၀သန်းဖြင့် တင်ဒါအောင်မြင်သည့် တော်ဝင်သိင်္ခ ကုမ္ပဏီမှ တာဝန်ယူပြီးအောက်တိုဘာဒုတိယပတ်မှ စတင်ဆောင်ရွက်ခဲ့ရာ  ယခုအခါလုပ်ငန်းများ ၇၀% ခန့်ပြီးစီး ပြီဖြစ်ကြောင်း၊ အဆိုပါလမ်းလုပ်ငန်းပြီးစီးပါက လယ်ယာမြေ (၁၂၀)ဧက နှင့် လူဦးရေ (၁၂၉၅) ဦး တို့ အတွက် အကျိုးပြုသွားမည်ဖြစ်ကြောင်းသိရသည်။

 (၂၁.၁၂.၂၀၂၃)ရက်နေ့ မြဝတီရုပ်မြင်သံကြားနံနက်(၁၀)နာရီသတင်းတွင် ပါရှိသည်။