Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

မိုးညှင်း၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်စီမံကိန်းကျေးရွာကော်မတီဝင်များနှင့်တွေ့ဆုံ ဆွေးနွေး(၂၄.၁၂.၂၀၂၃)ရက်နေ့ မြဝတီရုပ်မြင်သံကြားနံနက်(၁၀)နာရီ

24 December 23

မိုးညှင်း၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်စီမံကိန်းကျေးရွာကော်မတီဝင်များနှင့်တွေ့ဆုံ ဆွေးနွေး(၂၄.၁၂.၂၀၂၃)ရက်နေ့ မြဝတီရုပ်မြင်သံကြားနံနက်(၁၀)နာရီ

မိုးညှင်း၊ဒီဇင်ဘာ ၂၂

ကချင်ပြည်နယ်၊မိုးညှင်းခရိုင်၊မိုးညှင်းမြို့တွင်ကျေးရွာများဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် မြို့နယ်စီမံ ကိန်းကျေးရွာကော်မတီဝင်များ နှင့်တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက်၁၀နာရီက ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌ကျင်းပသည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးထွန်းထွန်းဝင်း ကအဖွင့်အမှာစကားပြောကြားရာတွင် စီမံကိန်းကျေးရွာများမှ လုပ်ချင်ကိုယ်ချင်စိတ် ရှိစေရန်အတွက်စီမံကိန်းကျေးရွာကော်မတီဝင်များအား အခြားမြို့နယ်များ၏စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများကို သိရှိလာနိုင်စေရန် ရည်ရွယ်၍ တွေ့ဆုံရခြင်းဖြစ်ပါကြောင်း ဆွေးနွေးပြောကြားသည်။

ဆက်လက်၍တက်ရောက်လာကြသည့်စီမံကိန်းကျေးရွာကော်မတီဝင်များအားအခြားမြို့နယ်များမှ စီမံ ကိန်းလုပ်ငန်းဆောင်ရွက်ထားရှိမှုမှတ်တမ်းများကို ရှင်းလင်းပြသပြီးကျေးရွာကော်မတီဝင်များဖြစ်ကြ သောဟဲလုံခေတ်မီစံပြကျေးရွာကော်မတီဝင်များ၊ဟဲလုံကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းကော်မတီဝင်များနှင့်နန့်လှိုင်ကျေးရွာကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ရေးစီမံကိန်းကော်မတီဝင်များမှကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံကိန်းလုပ်ငန်းများဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့်အခြေအနေများကို အသီးသီးဆွေးနွေးတင်ပြခဲ့ကြသည်။

ထို့နောက်မြို့နယ်ဦးစီးမှူးဦးဌေးမြင့်ကအဆိုပါကျေးရွာများမှစီမံကိန်းလုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေများနှင့် ပတ်သက်၍ လိုအပ်ချက်များကိုပြည်လည်ဖြည့်စွက်ဆွေးနွေးပြောကြားကာ ခရိုင်ဦးစီးမှူးမှ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်းသိရသည်။

(၂၄.၁၂.၂၀၂၃)ရက်နေ့ မြဝတီရုပ်မြင်သံကြားနံနက်(၁၀)နာရီသတင်းတွင် ပါရှိသည်။