ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင် ၊ ညောင်လေးပင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန် ရည်ရွယ်၍ ပန်းရံ+ပန်းတော့ သင်တန်းအား (၁-၁၂-၂၀၂၃)ရက်နေ့မှ (၂၀-၁၂-၂၀၂၃) ရက်နေ့အထိ ဖွင့်လှစ်ပေးခဲ့ပြီး သင်တန်းဆင်းပွဲ အခမ်းအနားအား (၂၀-၁၂-၂၀၂၃)ရက်နေ့၊ နေ့လည်(၂:၀၀) တွင် ချောင်းရင်းကျေးရွာအုပ်စု ၊ ဆင်ကူကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ညောင်လေးပင်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးအောင်ကြီးက သင်တန်းဆင်းပွဲအမှာစကားပြောကြားပြီး မြို့နယ်ဦးစီးမှူး ဦးသန့်ဇင်အောင်က သင်တန်းသားများအနေဖြင့် သင်တန်းမှ ပို့ချပြီးစီးခဲ့သည့် ပန်းရံ+ပန်းတော့ပြုလုပ်နည်း အမျိုးမျိုးတို့ကို လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ပြီး မိသားစုဝင်ငွေများ တိုးပွားလာစေ ရေး ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
အဆိုပါ သင်တန်းသို့ ညောင်လေးပင်မြို့နယ် ချောင်းကျိုးကျေးရွာအုပ်စု၊ ဆင်ကူးကျေးရွာ၊ သဲကျောကျေးရွာ နှင့် ကဒါးကျေးရွာတို့မှ သင်တန်းသား (၂၀)ဦး တက်ရောက်ခဲ့ပြီး သင်တန်းတွင် ကျွမ်းကျင်သင်တန်းဆရာ(၂)ဦးမှ ပန်းရံ+ပန်းတော့ ပြုလုပ်နည်း အမျိုးမျိုးတို့ကို စာတွေ့+လက်တွေ့ သင်ကြားပို့ချခဲ့ကြောင်း သိရသည်။