ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းဦးကြည် ၊ ဦးစီးအရာရှိ ဒေါ်စန်းစန်းမော်နှင့် တာဝန်ခံဝန်ထမ်းများမှ ကလိန် ကျေးရွာနှင့် စာဖြူစုကျေးရွာတို့၌ ဒီဇင်ဘာ ၂၇ ရက်နေ့တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေဖြင့် ဆောင်ရွက်ထားသော စိုက်ပျိုးရေးလုပ်ငန်းများ၊ မွေးမြူရေးလုပ်ငန်းများ၊ ရေလုပ်ငန်းများနှင့် အရောင်းအဝယ်လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ကလိန် ကျေးရွာနှင့် စာဖြူစုကျေးရွာတို့တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင်လည်း ကလိန်ကျေးရွာတွင် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၁၅၀၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ၁၈ဦး၊ အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သူ၂၀နှင့်ရေလုပ်ငန်းလုပ်ကိုင်သူ ၃ဦး စုစုပေါင်း ၁၉၁ဦးနှင့် စာဖြူစုကျေးရွာတွင် စိုက်ပျိုးရေး လုပ်ငန်းလုပ်ကိုင်သူ ၂၂၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ၄၅ဦး၊ အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သူ၂၅ နှင့် စုစုပေါင်း ၉၂ဦးထိရှိပြီး ကလိန်ကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းလည်ပတ်ရန်ပုံငွေကျပ် ၅၅ဒဿမ ၃၆၅သန်းနှင့် စာဖြူစုကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းလည်ပတ်ရန်ပုံငွေကျပ် ၅၉ဒဿမ ၄သန်းကိုထုတ်ချေးထားပြီးဖြစ်ပါသည်။