Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

မိုးညှင်းမြို့နယ်နန့်လှိုင်(စာထားကွင်း) ကျေးရွာ၌ ကုန်ထုတ်လမ်းဆောင်ရွက်နေမှုစစ်ဆေး (၁၅.၁၂.၂၀၂၃)ရက်နေ့ထုတ် မြို့တော်သတင်းစာ၊(၁၆.၁၂.၂၀၂၃)ရက်နေ့မြဝတီရုပ်မြင်သံကြားသတင်းနှင့် (၁၇.၁၂.၂၀၂၃)ရက်နေ့ ရတနာပုံသတင်းစာ

17 December 23

မိုးညှင်းမြို့နယ်နန့်လှိုင်(စာထားကွင်း) ကျေးရွာ၌ ကုန်ထုတ်လမ်းဆောင်ရွက်နေမှုစစ်ဆေး (၁၅.၁၂.၂၀၂၃)ရက်နေ့ထုတ် မြို့တော်သတင်းစာ၊(၁၆.၁၂.၂၀၂၃)ရက်နေ့မြဝတီရုပ်မြင်သံကြားသတင်းနှင့် (၁၇.၁၂.၂၀၂၃)ရက်နေ့ ရတနာပုံသတင်းစာ

မိုးညှင်း၊ဒီဇင်ဘာ ၁၄

ကချင်ပြည်နယ်၊မိုးညှင်းခရိုင်၊မိုးညှင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃− ၂၀၂၄ ခု ဘဏ္ဍာရေးနှစ် ပြည်နယ်ခွင့်ပြုရန်ပုံငွေ ဖြင့်နန့်လှိုင် (စာထားကွင်း) ကျေးရွာ၌ ကုန်ထုတ်လမ်း ဖောက်လုပ်နေမှုကို ဒီဇင်ဘာ  ၁၄  ရက်နံနက်ပိုင်းကတာဝန်ရှိသူများကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရ သည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မိုးညှင်းခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနဦးစီးမှူး ဦးထွန်းထွန်းဝင်း နှင့် မြို့နယ်တာဝန်ခံအင်ဂျင်နီယာတို့က နန့်လှိုင်(စာထားကွင်)ကျေးရွာ၌ ကုန်ထုတ် လမ်းဖောက်လုပ်ခြင်းနှင့်ဆက်စပ်လုပ်ငန်းများဆောင်ရွက်နေမှုကိုကြည့်ရှုစစ်ဆေးပြီးခရိုင်ဦးစီးမှူးကလုပ်ငန်းများသတ်မှတ်စံချိန်စံညွှန်းအတိုင်းအရည်အသွေးပြည့်မီစွာဆောင်ရွက်ရန်ဆွေးနွေးမှာကြားသည်။ နန့်လှိုင်(စာထားကွင်း)ကျေးရွာ၌ ကုန်ထုတ်လမ်း အရှည်ခုနစ်ဖာလုံ၊အကျယ် ၁၂ ပေ ၊ အမြင့် နှစ်ပေ ကိုးလက်မ(မြေသား+သဲကျောက်ခင်းခြင်း)လုပ်ငန်းနှင့် ရေပြွန်(၂) စင်း တည်ဆောက်ခြင်း လုပ်ငန်းများ ကို ၂၀၂၃−၂၀၂၄ခုဘဏ္ဍာနှစ် ပြည်နယ်ခွင့်ပြုရန်ပုံငွေကျပ် ၁၂၆ ဒသမ ၁၄၃ သန်းဖြင့် တင်ဒါအောင်မြင် သည့် Northern Jade Land ကုမ္ပဏီက ယခုနှစ်အောက်တိုဘာ  ပထမပတ်မှ စတင်ဆောင်ရွက်ခဲ့ရာ  ယခုအခါလုပ်ငန်းများ ၄၅% ခန့်ပြီးစီးပြီဖြစ်ကြောင်း၊ အဆိုပါလမ်းလုပ်ငန်းပြီးစီးပါက လယ်ယာမြေ (၁၉၂)ဧက နှင့် လူဦးရေ (၄၁၄)ဦး တို့ကို အကျိုးပြုနိုင်မည်ဖြစ်ကြောင်း ခရိုင်ဦးစီးမှူးဦးထွန်းထွန်းဝင်းထံ မှ သိရသည်။

(၁၅.၁၂.၂၀၂၃)ရက်နေ့ထုတ်မြို့တော်သတင်းစာ(စာမျက်နှာ၈)ကော်လံ(၁/၂)တွင်လည်းကောင်း၊(၁၆.၁၂.၂၀၂၃)ရက်နေ့ မြဝတီရုပ်မြင်သံကြားနံနက်(၁၀)နာရီသတင်းတွင်လည်းကောင်း၊(၁၇.၁၂.၂၀၂၃)ရက်နေ့ ထုတ် ရတနာပုံသတင်းစာ(စာမျက်နှာ-/ ကော်လံ-၅/၆)တွင်လည်းကောင်း ပါရှိသည်။