Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

မိုးညှင်းမြို့နယ်နန့်လှိုင်ကျေးရွာ၌ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်းစီမံကိန်း (RBF) လုပ်ငန်းများဆောင်ရွက်ထားရှိမှုအားကွင်းဆင်းစစ်ဆေး(၇.၁၂.၂၀၂၃)ရက်နေ့မြဝတီရုပ်မြင်သံကြားနံနက်(၉း၀၀)နာရီသတင်း၊(၈.၁၂.၂၀၂၃)ရက်နေ့ထုတ် မြို့တော်သတင်းစာ

08 December 23

မိုးညှင်းမြို့နယ်နန့်လှိုင်ကျေးရွာ၌ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်းစီမံကိန်း (RBF) လုပ်ငန်းများဆောင်ရွက်ထားရှိမှုအားကွင်းဆင်းစစ်ဆေး(၇.၁၂.၂၀၂၃)ရက်နေ့မြဝတီရုပ်မြင်သံကြားနံနက်(၉း၀၀)နာရီသတင်း(၈.၁၂.၂၀၂၃)ရက်နေ့ထုတ် မြို့တော်သတင်းစာ

မိုးညှင်း၊ဒီဇင်ဘာ ၆

ကချင်ပြည်နယ်၊မိုးညှင်းခရိုင်၊မိုးညှင်းမြို့ယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်းစီမံကိန်း (RBF) လုပ်ငန်းများဆောင်ရွက်လျက်ရှိသည့်အင်းကုန်းကျေးရွာအုပ်စု၊နန့်လှိုင်ကျေးရွာ၌ဆီထွက်သီးနှံနေကြာ စိုက်ပျိုးထားရှိမှုနှင့် မွေးမြူရေးလုပ်ငန်းများဆောင်ရွက်ထားရှိမှုအား ဒီဇင်ဘာ ၆ ရက်နံနက်(၁၀)နာရီက

မိုးညှင်းခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနခရိုင်ဦးစီးမှူးဦးထွန်းထွန်းဝင်းနှင့်မြို့နယ်မှတာဝန်ရှိသူများကကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။

ထိုသို့ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင်ခရိုင်ဦးစီးမှူးက CPဝက်မွေးမြူထားသည့်မွေးမြူရေးသမားများ အား ဝက်ခြံများသန့်ရှင်းသပ်ရပ်စွာထားရှိရန်၊အစာရေစာများအချိန်မှန်မှန်ကျွေးရန် နှင့် မြို့နယ်မွေးမြူ ရေးနှင့်ကုသရေးဦးစီးဌာနမှညွှန်ကြားမှုများအတိုင်းမွေးမြူကြရန်ကိုလည်းကောင်း၊ဆီထွက်သီးနှံ(နေကြာ)စိုက်ပျိုးတောင်သူများအားမျိုးကောင်းမျိုးသန့်များရွေးချယ်စိုက်ပျိုးကြရန်၊စိုက်နည်းစနစ်မှန်ကန်စွာစိုက်ပျိုးကြရန်နှင့်နည်းပညာရပ်များလိုအပ်ပါကမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးနှင့်ချိတ်ဆက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းမှာကြားခဲ့သည်။

၂၀၂၃-၂၀၂၄ခုဘဏ္ဍာနှစ်တွင် ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်းစီမံကိန်း (RBF)ကိုမိုးညှင်းမြို့နယ်အင်းကုန်းကျေးရွာအုပ်စု၊နန့်လှိုင်ကျေးရွာတွင်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာစိုက်ပျိုးရေးအစုအဖွဲ့အဖြစ် တိုးတက်စိုက်ပျိုးရေးလုပ်ငန်းအဖွဲ့နှင့်ကျော်ကြားစိုက်ပျိုးရေး လုပ်ငန်းအဖွဲ့နှစ်ဖွဲ့ဖြင့် အိမ်ထောင်စု(၁၃)စုမှဧက ၅၀  တွင်ဆီထွက်သီးနှံ(နေကြာ)စိုက်ပျိုးနိုင်ရန်အတွက် မျိုးစေ့နှင့်သွင်းအားစုများ ဝယ်ယူနိုင်ရန် ငွေကျပ်(၁၅၀)သိန်းကိုလည်းကောင်း၊မေွးမြူရေးအစုအဖွဲ့ အဖြစ် ပန်းတိုင်မွေးမြူရေးလုပ်ငန်းအဖွဲ့နှင့် အောင်မြင်မွေးမြူရေးလုပ်ငန်းအဖွဲ့နှစ်ဖွဲ့ဖြင့် အိမ်ထောင်စု(၁၄) စုတို့ မှCPဝက်အကောင်ရေ(၇၀)မွေးမြူနိုင်ရန် ငွေကျပ်(၁၅၀)သိန်းကိုလည်းကောင်းထုတ်ချေးပေးထား ကြောင်းသိရသည်။

(၇.၁၂.၂၀၂၃)ရက်နေ့မြဝတီရုပ်မြင်သံကြားနံနက်(၉း၀၀)နာရီသတင်းတွင်လည်းကောင်း၊(၈.၁၂.၂၀၂၃)ရက်နေ့ထုတ် မြို့တော်သတင်းစာ(စာမျက်နှာ-၅/ ကော်လံ-၁/၂)တွင်လည်းကောင်းပါရှိသည်။