Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

မော်လမြိုင်ကျွန်းမြို့နယ်တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုလျှပ်စစ်သံဂဟေဆက်သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

28 December 23

          ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင် မော်လမြိုင်ကျွန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၃ခု ဘဏ္ဍာနှစ်တွင် အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနနှင့်ပူးပေါင်းဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု လျှပ်စစ်သံဂဟေဆက်သင်တန်း ဖွင့်ပွဲအခမ်းအနားအား ဒီဇင်ဘာလ ၂၈ရက် နံနက်ပိုင်းက မော်လမြိုင်ကျွန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးခန်းမ၌ ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။

          အခမ်းအနားတွင် မော်လမြိုင်ကျွန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသီဟဇော်မှ သင်တန်းဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်နိုင်မှ သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များ၊ သင်တန်းများအနေဖြင့် သင်တန်းမှ သင်ကြားပို့ချပေးမည့် အတက်ပညာများကို သင်ယူပြီး မိမိတို့ဘဝ တိုးတက်ရာတိုးတက်ကြောင်းအတွက် လက်တွေ့နယ်ပယ်တွင် အကောင်အထည်ဖော်ဆောင်ရွက်ပြီး မိသားစုစီးပွားရေးကို အထောက်အပံ့ပေးနိုင်အောင် ကြိုးစားသင်ယူကြရန်ပြောကြားခဲ့သည်။

          အဆိုပါသင်တန်းကို မြို့နယ်အတွင်းရှိ ကျေးရွာပေါင်း (၈)ရွာမှ သင်တန်းသား (၁၅)ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ဒီဇင်ဘာလ ၂၈ရက်နေ့မှ ဇန်နဝါရီလ (၂၆)ရက်နေ့ထိ ရက်ပေါင်း (၃၀)ကြာ ကျွမ်းကျင်သင်တန်းနည်းပြများမှ စာတွေ့လက်တွေ့သင်ကြားပို့ချ သွားမည်ဖြစ်ကြောင်းသိရသည်။